သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ခိုင်နှင်းဝေကတော့ ပရိသတ်တွေကြားမှာ ပရဟိတမင်းသမီးလေးဆိုပြီး ရေပန်းစားနေတာဖြစ်ပါတယ်။ခိုင်နှင်းဝေကလည်း ပရဟိတအလုပ်ဆိုရင် စွမ်းစွမ်းတမံဆောင်ရွက်ပြီး သူမတတ်နိုင်သလောက်ကို အမြဲတမ်းလုပ်ဆောင်နေတာဖြစ်ပါတယ်။အကူအညီလိုအပ်သူတိုင်းအတွက်လည်း အိမ်တိုင်ရာရောက်သွားရောက်ကူညီသလို အားပေးစကားတွေနဲ့လည်းဖေးမပေးတာကြောင့် မွန်မြတ်တဲ့စိတ်ထားလေးကိုပိုင်ဆိုင်ထားတဲ့ မင်းသမီးလေးပါနော်။ 

Photo Credit:Khine Hnin Wai's Facebook
Photo Credit:Khine Hnin Wai's Facebook
Photo Credit:Khine Hnin Wai's Facebook

ခိုင်နှင်းဝေက လူမမယ်ကလေးငယ်လေးတွေကိုလည်း နွေးထွေးတဲ့မေတ္တာတရားတွေနဲ့ ပြုစုစောင့်ရှောက်နေတာဖြစ်ပါတယ်။အခုဆိုရင်တော့ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာဆိုပြီး ခိုင်မိသားစုတစ်စုအဖြစ် တည်ဆောက်ထားတာဖြစ်ပါတယ်။ကလေးငယ်လေးတွေကလည်း မေမေခိုင်နှင်းဝေရဲ့စီမံပေးမှုတွေအောက်မှာ ၀၀ပြည့်ပြည့်လေးတွေနဲ့ တစ်နေ့တစ်ခြားချစ်ဖို့ကောင်းလာပါတယ်နော်။

Photo Credit:Khine Hnin Wai's Facebook
Photo Credit:Khine Hnin Wai's Facebook
Photo Credit:Khine Hnin Wai's Facebook

ခိုင်နှင်းဝေကတော့ သူမနဲ့ရုပ်ချင်းဆင်တဲ့သမီးချောလေးတစ်ယောက်ကို အိမ်မှာခေါ်မွေးစားထားပြီး အစစအရာရာလိုလေသေးမရှိအောင် ဂရုစိုက်ပေးနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း ခိုင်နှင်းဝေက"မီးမီးရဲရဲနီ လေး ကျမ မရခဲ့တဲ့ ဘဝလေးကို သမီးလေးကိုဖန်တီးပေးမယ် ကျမ သမီးလေးတွက် တောင့်တ သမျှ ဖြည့်စည်းပေးနိုင်အောင် ကျမ ကြိုးစား တယ်ကျမ Rich Kid မဖြစ်ခဲ့ပေမယ့် ကျမ သားသမီးတွေအတွက် သူတို့ဆန္ဒလေးတွေဖြည့်ဆည်းနိုင်အောင်အလုပ်တွေ ပိုကြိုးစားနေပါတယ်"ဆိုပြီး ကားလေးနဲ့ကစားနေတဲ့ သမီးလေးပုံရိပ်တွေကို မျှဝေလာပါတယ်နော်။

Photo Credit:Khine Hnin Wai's Facebook
Photo Credit:Khine Hnin Wai's Facebook
Photo Credit:Khine Hnin Wai's Facebook

Photo Credit:Khine Hnin Wai's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။