အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင်ရင်သွေးတွေထဲမှာ ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချောမေသန်းနဲ့ ဒါရိုက်တာဇင်ရော်မောင်မောင်တို့ရဲ့သား ဒါရိုက်တာမင်းသန့်မောင်မောင်ကလည်း အပါအဝင်ပါပဲ..။

ဖခင်နဲ့ မိခင်ဖြစ်သူတို့ရဲ့ အနုပညာသွေးအပြည့်ပါတဲ့ ဒါရိုက်တာမင်းသန့်မောင်မောင်ကတော့ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကိုရရှိထားပြီး အခုဆိုရင် ဇာတ်ကားတွေလည်း ရိုက်ကူးနေပါတယ်..။


Photo Credit - Min Thant Mg Mg’ Facebook
Photo Credit - Min Thant Mg Mg’ Facebook

မင်းသန့်မောင်မောင်ကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုအများဆုံးရရှိထားတဲ့ လတ်တလောရိုက်ကူးနေတဲ့ “တိမ်ပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဖခင်ဖြစ်သူ ဒါရိုက်တာဇင်ရော်မောင်မောင်နဲ့အတူ တွဲဖက်ဒါရိုက်တာအဖြစ် အကောင်းဆုံး ကြိုးစားပါဝင်ပုံဖော်နေတာ တွေ့ရပါတယ်..။

“တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးကို ချင်းတောင်တန်းမှာ အခက်အခဲတွေနဲ့ သွားရောက်ရိုက်ကူးခဲ့သလို လတ်တလောမှာလည်း ရိုက်ကူးနေရင်း မင်းသန့်မောင်မောင်တစ်ယောက် အရေးပေါ်ဆေးကုသမှု ခံယူလိုက်ရပါတယ်..။


Photo Credit - Zin Yaw Mg Mg’s Facebook
Photo Credit - Min Thant Mg Mg’ Facebook

ဖန်တီးနေတဲ့ ရုပ်ရှင်ဇာတ်ကားကြီးအတွက် အကောင်းဆုံးနဲ့ အစွမ်းကုန် အားသွန်ခွန်စိုက် ကြိုးစားအားထုတ်မှုတွေနဲ့ ကိုယ့်ကိုကိုယ်တောင် ဂရုမစိုက်နိုင်ပဲ နေမကောင်းဖြစ်ကာ ဆေးကုသမှုခံယူလိုက်ရတာဖြစ်ပြီး နေမကောင်းဖြစ်နေတဲ့ သားဖြစ်သူအတွက် စိတ်ပူခဲ့ရတဲ့အကြောင်းလေးကိုလည်း ဒါရိုက်တာဇင်ရော်မောင်မောင်က ပရိသတ်တွေကို ပြောပြထားပါတယ်..။

“မနေ့က တိမ်တွေပေါ်က ပန်းရိုက်ကူးနေတုံး သားသား နေမကောင်းဖြစ် ..သားသား shooting က လည်း သူမပါရင်မဖြစ်ပါ .. Grandhanthar home service car ချက်ချင်းရောက်လာတယ်.. အမြန် ဆုံး နေကောင်းသွားအောင် ကုူညီခဲ့တဲ့ grand hanthar ကို ကျေးဇူးအရမ်းတင်ပါတယ်.. သားသား အ တွက်လည်း အရမ်းစိတ်ပူရတာ စိတ်အေးသွားပါတယ်..” ဆိုပြီး ဒါရိုက်တာဇင်ရော်မောင်မောင်က ကျေးဇူးတင်စကားလေးနဲ့အတူ ပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Zin Yaw Mg Mg’s Facebook
Photo Credit - Min Thant Mg Mg’ Facebook

Photo Credit - Zin Yaw Mg Mg’s Facebook၊ Min Thant Mg Mg’ Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။