ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး ဂျူဂျူးကေကတော့ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးမှုရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ဂျူဂျူးကေက သရုပ်ဆောင်ပိုင်းမှာ အရည်အချင်းရှိပြီး ထူးချွန်တဲ့အပြင် တယောတူရိယာကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နိုင်သူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂျူဂျူးကေက အိမ်ထောင်ကျပြီး ပျော်ရွှင်စရာကောင်းတဲ့ဘဝလေးကို ရရှိထားပြီ ဖြစ်ပါတယ်။

Photo Credit:Ju Jue K's Facebook;
Photo Credit:Ju Jue K's Facebook;

မနေ့က စက်တင်ဘာလ (၃) ရက်နေ့ကတော့ ဂျူဂျူးကေက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ထီပေါက်တဲ့အကြောင်း တင်ထားတာ တွေ့ရပါတယ်။ ဂျူဂျူးကေက ပြီးခဲ့တဲ့လကမှ ပဲခူးမျက်မမြင်ကျောင်းမှာ အလှူသွားလုပ်ရင်း ထိုးခဲ့တဲ့ ထီ (၃)စောင်တွဲကနေ ကံထူးခဲ့တဲ့အကြောင်း ပြောပြထားတာပဲ ဖြစ်ပါတယ်။ ယခုလို ထီပေါက်တာက သူမအတွက်တော့ ပထမဆုံးအကြိမ်ဖြစ်ပြီး နောက်တစ်ခေါက်အလှူလုပ်ရင်လည်း ထီထိုးမယ်လို့ ပြောထားပါတယ်။

Photo Credit:Ju Jue K's Facebook ;
Photo Credit:Ju Jue K's Facebook ;

ဂျူဂျူးကေက " ပထမဆုံးအကြိမ် ထီပေါက်ဖူးပြီ။ပြီးခဲ့တဲ့လက ပဲခူးမျက်မမြင်ကျောင်းမှာ " ထာဝရအလင်းအိမ် " မိသားစုဝင်များနဲ့ အလှူသွားလုပ်တာ အပြန်မှာ နာရေးကားလဲ ( ၃ ) စီးတွေ့တယ်။ စီးသွားတဲ့ကားကလဲ ကားဘီးပေါက်တယ်။ ပေါက်တဲ့နိမိတ်တွေတော့ပြနေပြီ ၊ထီထိုးမယ်ဆိုပြီး အင်းတကော်မှာ မနည်းလိုက်ရှာပြီး ထီစုထိုးခဲ့တာ ငါးသောင်းဆု သုံးဆု " ၁၅၀,၀၀၀ " ပေါက်တယ်လေခုနှစ်ယောက်လုံး အသင်းရဲ့ ငွေပဒေသာပင်ထဲအကုန်ပြန်လှူကြတယ်။နောက်တခါအလှူကို တန်ဆောင်မုန်းလပြည့်မှာ ပြင်ဦးလွင်မှာကထိန်ခင်းမယ်။ အဲ့အခါကျရင်လဲ ထီထပ်ထိုးအုံးမယ်။ ဆုကြီးကြီးပေါက်ရင် အလှူကြီးကြီးလုပ်ချင်တယ်" ဆိုပြီး သူမရဲ့Facebook Page မှာ ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

Source:Ju Jue K's Facebook Page;

Photo Credit:Ju Jue K's Facebook ;
Photo Credit:Ju Jue K's Facebook ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။