လိုက်ဟဲဗီးလ်ဝိတ်တန်းချန်ပီယံကာကွယ်ပွဲအတွက် ပြင်ဆင်မှုတွေအဆက်မပျက်လုပ်ဆောင်နေတဲ့ အောင်လအန်ဆန်းရဲ့ လက်တလော လှုပ်ရှားမှုတွေကိုပရိသတ်တွေလည်း သူ့ရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှတဆင့် တွေ့မြင်ကြမယ်ထင်ပါတယ်။ ပြိုင်ပွဲတလျှောက်အကောင်းဆုံးပွဲများစွာကို ထိုးသတ်ခဲ့သူတစ်ယောက်ဖြစ်ပြီး မကြာမီယှဉ်ပြိုင်မည့် လိုက်ဟဲဗီးလ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲကလည်း သမိုင်းတွင်မယ့် ပွဲကောင်းတစ်ပွဲလည်း ဖြစ်လာနိုင်ပါတယ်။  

အဆိုပါ ပြိုင်ပွဲကိုတော့ အမေရီကန်- ဖိလစ်ပိုင် နိုင်ငံသား Vrado Vera နဲ့ ထိုးသတ်ရမှာဖြစ်ပြီး လက်ရှိ One Championship (MMA) ရဲ့ ဟဲဗီးလ်ဝိတ်ချန်ပီယံတစ်ဦးလည်းဖြစ်ပါတယ်။ အောင်လအန်ဆန်းအတွက် ပြိုင်ဘက်ကောင်းတစ်ယောက်ဖြစ်ပြီး ဂျပန်နိုင်ငံမှာ ဒုတိယအကြိမ်ယှဉ်ပြိုင်မည့် ပွဲကောင်းတစ်ပွဲလည်းဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲအတွက် နှစ်ဘက်ပြိုင်ဘက်ကစားသမားတွေကတော့ ပြင်ဆင်မှုတွေပြုလုပ်နေကြပြီး တစ်နေ့တာလှုပ်ရှားမှုပုံရိပ်တွေကိုလည်း မကြာခဏ သူတို့ရဲ့ လူမှုစာမျက်နှာပေါ်ကတဆင့်ပြသလေ့ရှိပါတယ်။  

မကြာသေးမီကလည်း အောင်လအန်ဆန်းကတော့ ဗီရာရဲ့ လေ့ကျင့်ရေးနည်းပြဆရာဟောင်းဖြစ်တဲ့ Henrihooft နဲ့အတူ လေ့ကျင့်နေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို ပြသထားတာတွေ့ရပါတယ်။ အဆိုပါ လေ့ကျင့်မှုမှာတော့ လက်သီးထိုးချက်တွေကို အဓိက ထားလေ့ကျင့်လျှက်ရှိပြီး သင်ကြားပေးနေတဲ့ ဆရာဖြစ်သူ Henrihooft ကိုလည်း ကျေးဖူးတင်စကားပြောကြားထားတာတွေ့ရပါတယ်။ မကြာမီယှဉ်ပြိုင်မည့် အောင်လအန်ဆန်းရဲ့ ပြိုင်ပွဲကိုအားလုံးအတူ စည်းစည်းလုံးလုံးအားပေးဖို့ဖိတ်ခေါ်ရင်း လက်တလော အောင်လအန်ဆန်းရဲ့ လေ့ကျင့်မှုဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်။

Photos & Vide0 - Aung La Nsang's FB Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။