ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အောင်မြင်မှုတွေအခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ မော်လ်ဒယ်မင်းသားချောလေး တိုင်ရွန်နဲ့ မင်းသမီးချောလေးဖူးဖူးတို့ကလည်း အပါအဝင်ပါပဲ..။

အနုပညာလောကမှာ ပရိသတ်တွေကိုယ်စီနဲ့ အောင်မြင်မှုတွေကိုယ်စီရရှိထားကြတဲ့ သူတို့အနုပညာရှင်နှစ်ယောက်ကတော့ လတ်တလောမှာလည်း အနုပညာအလုပ်တွေကို အတူလက်တွဲလုပ်ဆောင်နေတာ တွေ့ရပါတယ်..။


Photo Credit - Amazing Grace Facebook
Photo Credit - Amazing Grace Facebook၊ Phoo Phoo’s Facebook
Photo Credit - Amazing Grace Facebook

တိုင်ရွန်နဲ့ ဖူးဖူးတို့ အနုပညာမောင်နှမနှစ်ယောက်ကိုတော့ အခုတစ်ခါမှာလည်း လိုက်ဖက်ညီပြီး ခမ်းနားထည်ဝါမှုတွေနဲ့ ရိုမန်တစ်ဆန်တဲ့ ကြည်နူးစရာမင်္ဂလာစုံတွဲလေးအဖြစ် ပရိသတ်တွေ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်..။

ROSE & ROMANCE Wedding Dress ဆိုင်အတွက် လိုက်ဖက်ညီလွန်းကြတဲ့ မင်္ဂလာမောင်နှံစုံတွဲလေးအဖြစ် ကြော်ငြာဓာတ်ပုံလေးတွေကို နာမည်ကျော်ဓာတ်ပုံဆရာနေမင်းထွန်း Amazing Grace က ရိုက်ကူးပေးထားတာပဲ ဖြစ်ပါတယ်..။


Photo Credit - Amazing Grace Facebook
Photo Credit - Amazing Grace Facebook
Photo Credit - Amazing Grace Facebook

အနုပညာအလုပ်တွေ အတူလက်တွဲလုပ်ဆောင်နေကြတဲ့ တိုင်ရံန်နဲ့ ဖူးဖူးတို့ အနုပညာမောင်နှမနှစ်ယောက်ရဲ့ ကြော်ငြာပုံရိပ်လေးတွေကတော့ ပရိသတ်တွေကို အားကျစေပြီး သဘောကျစေမှာပါနော်..။

ချစ်စရာကောင်းပြီး လိုက်ဖက်လွန်းကြတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကိုလည်း တိုင်ရွန်နဲ့ ဖူးဖူးတို့ကလည်း သူတို့နှစ်ယောက်လုံးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေကနေ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Amazing Grace Facebook၊ Phoo Phoo’s Facebook
Photo Credit - Amazing Grace Facebook
Photo Credit - Amazing Grace Facebook၊ Phoo Phoo’s Facebook

Photo Credit - Amazing Grace Facebook၊ Phoo Phoo’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။