လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာက ဘေဘီလုံနဲ့အီဂျစ်မှာရှိတဲ့လူတွေဟာ ကောင်းကင်ကိုလေ့လာပီးတော့၁၂ရာသီခွင်တွေကိုတီထွင်ခဲ့ကြပါတယ်။လူတစ်ယောက်ရဲ့ရာသီခွင်သင်္ကေတဟာသူတို့ရဲ့မွေးနေ့၊မွေးနံနဲ့သက်ဆိုင်ပြီး တချို့လူတွေကတော့ဒီရာသီခွင်တွေဟာလူတစ်ယောက်ရဲ့အကျင့်စရိုက်တွေကိုပါပြောနိုင်တယ်လို့ယုံကြည်ကြပါတယ်။

Photo Source : Pngtree

အာရှနိုင်ငံအတော်များများမှာတော့ လူတွေဟာတရုတ်၁၂ရာသီခွင်ကို ယုံကြည်ကြပြီး တရုတ်၁၂ရာသီခွင်မှာရာသီခွင်အလိုက်ကိုယ်စားပြုထားတဲ့အကောင်၁၂ကောင်ပါရှိပါတယ်။ဒီရာသီခွင်ကိုကိုယ်စားပြုတဲ့အကောင်တိုင်းမှာ ကွဲပြားတဲ့ ပင်ကိုစရိုက်မျိုးစုံရှိပြီး ဥပမာအနေနဲ့ ကြွက်နှစ်မှာမွေးဖွားလာတဲ့သူတွေဟာ ခင်ဖို့ကောင်ကား သူတစ်ဖက်သားအပေါ်ဂရုစိုက်တတ်ကြပါတယ်။မျောက်နှစ်မှာမွေးဖွားတဲ့သူတွေဟာသပ်သပ်ရပ်ရပ်နေတတ်ကြပီးငွေရှာတော်ကြပါတယ်။လူအများစုကတော့ကြွက်နှစ်နဲ့မျောက်နှစ်ဟာလိုက်ဖက်မှုရှိတဲ့စုံတွဲလို့ယူဆထားကြပါတယ်။

Photo Source : Pngtree

အာရှမှာ လူတစ်ယောက်ရဲ့သွေးအမျိုးအစားဟာလည်း လူတစ်ယောက်ရဲ့အကျင့်စရိုက်ကိုဖော်ပြနိုင်ပါသေးတယ်။ Aသွေးတွေဟာ တည်ကြည်ပီးတော့စိတ်ငြိမ်ကြပါတယ်။ဒါပေမယ့်တစ်ခါတစ်လေမှာသူတို့ဟာတစ်ကိုယ်ကေင်းလည်းဆန်တတ်ပါသေးတယ်။ Bသွေးတွေဟာလွတ်လပ်မှုကိုမြတ်နိုးသူတွေဖြစ်ပီး တစ်ခါတစ်ရံမှာအပျင်းထူတတ်ကြပါတယ်။ABသွေးကတော့ ရိုးရိုးသားသားပဲနေတတ်ကြပီး Oသွေးတွေကတော့ ချစ်ခင်ကြင်နာတတ်ပီးတော့ စကားအရမ်းများကြပါတယ်။

Photo Source : Pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။