အဆိုတော်၊ သရုပ်ဆောင် မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ ယောက်ျားလေးပရိသတ်တွေရော မိန်းကလေးပရိသတ်တွေပါ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ " မေမေဆူလိမ့်မယ် " ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်ခဲ့တဲ့ နန်းဆုရတီစိုးက လက်ရှိမှာတော့ သရုပ်ဆောင်ပိုင်းထက် အဆိုပိုင်းကို ပိုမိုဦးစားပေးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Photo Credit- ALinn Yaung;
Photo Credit- ALinn Yaung;

နန်းဆုရတီစိုးက ချစ်သူဖြစ်သူ G Fatt နဲ့လက်တွဲပြီး သီချင်းလေးတွေလည်း ထွက်ရှိခဲ့သလို အောင်မြင်မှုလည်း ရရှိခဲ့ပါတယ်။ အခုရက်ပိုင်းမှာတော့ နန်းဆုတစ်ယောက် ပွဲအခမ်းအနားလေးတွေကို တက်ရောက်နေရကြောင်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် သိရပါတယ်။ မနေ့ကလည်း နန်းဆုက Cleaning Service ကိုပြီး သူမရဲ့အိမ်ကို သန့်ရှင်းရေးလုပ်ခဲ့ကြောင်း တင်ခဲ့ပါတယ်။

Photo credit- Nan Su Yati Soe's Facebook;
Photo credit- Nan Su Yati Soe's Facebook;
Photo credit- Nan Su Yati Soe's Facebook;
Photo credit- Nan Su Yati Soe's Facebook;
Photo credit- Nan Su Yati Soe's Facebook;

နန်းဆုရတီစိုးက သူမရဲ့ခမ်းနားလှပတဲ့အိမ်ကြီးက တစ်ခန်းချင်းစီကို သေသေချာချာရိုက်ပြထားပြီး ပုံလေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်။ ဧည့်ခန်းနဲ့ဘုရားခန်းသာမက တစ်အိမ်လုံးက သေသပ်သန့်ရှင်းနေသလို နန်းဆုရဲ့အဝတ်ခန်းကလည်း အဝတ်တွေ၊ဖိနပ်တွေ၊အိတ်တွေအပြည့်နဲ့ တကယ့်ကိုခမ်းနားလွန်းလှတာကို ပရိသတ်တွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အခန်းကျယ်ကြီးတွေဖွဲ့စည်းထားတဲ့ နန်းဆုရတီစိုးရဲ့အိမ်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit- Nan Su Yati Soe's Facebook;

Photo credit- Nan Su Yati Soe's Facebook;
Photo credit- Nan Su Yati Soe's Facebook;
Photo credit- Nan Su Yati Soe's Facebook;
Photo credit- Nan Su Yati Soe's Facebook;
Photo credit- Nan Su Yati Soe's Facebook;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။