ပရိသတ်ကြီးရေ မင်းသမီးချောလေးသင်ဇာဝင့်ကျော်ကတော့ အမြဲတမ်းကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့အနုပညာအလုပ်တွေကိုလုပ်ဆောင်နေတာဖြစ်ပါတယ်။ခေတ်ရေစီးကြောင်းအလိုက် ဖက်ရှင်ကျကျဝတ်ဆင်တတ်ပြီး မြင်သူတကာငေးမောရတဲ့အလှအပတွေကိုလည်း ပိုင်ဆိုင်ထားတာဖြစ်လို့ အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေနဲ့ရပ်တည်နေတာဖြစ်ပါတယ်။

Photo Credit:Amazing Grace
Photo Credit:Amazing Grace
Photo Credit:Amazing Grace

သင်ဇာဝင့်ကျော်ကို ပရိသတ်တွေကလည်းအရမ်းချစ်ခင်အားပေးကြပြီး သူမရဲ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြတာဖြစ်ပါတယ်။သင်ဇာကလည်း စိတ်သဘောထားပြည့်ဝပြီး ရိုးရှင်းပွင့်လင်းတဲ့သူတစ်ယောက်ဖြစ်လို့ လူတိုင်းကိုဖော်ဖော်ရွေရွေနဲ့ဆက်ဆံတတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်နော်။သင်ဇာ့ရဲ့ဖက်ရှင်တွေကလည်း ပွဲတစ်ပွဲတက်ရောက်လာတိုင်းမှာ တစ်မျိုးလေးဆန်းသစ်နေတာကို အမြဲတွေ့မြင်နေရပါတယ်။

Photo Credit:Amazing Grace
Photo Credit:Amazing Grace

သင်ဇာရဲ့အလှအပတွေကတော့ လူလတ်ပိုင်းအရွယ်ရောက်ရှိနေတာတောင် နုငယ်ပျိုမျစ်နေဆဲဖြစ်ပြီး လူငယ်တစ်ယောက်လို လန်းဆန်းတက်ကြွနေတဲ့အလှတရားတွေပါနော်။အခုဆိုရင်လည်း သင်ဇာက ချစ်တဲ့ပရိသတ်ကြီး အသည်းယားသွားအောင်လို့ နှုတ်ခမ်းလေးစူပြကာချစ်စရာပုံစံလေးလုပ်ပြလိုက်တဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Amazing Grace
Photo Credit:Amazing Grace
Photo Credit:Amazing Grace

Source:Thin Zar Wint Kyaw's Instagram/Photo Credit:Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။