လတ်တလောမှာ အားလုံးရဲ့စိတ်ဝင်စားမှု အများဆုံးရရှိနေတဲ့ " တန်ဖိုး " ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးချင်ပါတယ်နော်။ ဒီဇာတ်ကားကြီးမှာတော့ ပရိသတ်အချစ်တော် အနုပညာရှင်တွေဖြစ်ကြတဲ့ ရန်အောင်၊ ထွန်းထွန်း ၊ဇင်ဝိုင်း ၊ အေးမြတ်သူ၊ မို့မို့မြင့်အောင်၊ ခင်ဇာခြည်ကျော်၊ မော်နီကာပန်နဲ့ အခြားအနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကနေ မတူညီတဲ့ ရသအစုံအလင်ကို တစ်ခါတည်းကြည့်ရှုခံစားရမယ့် ထူးထူးခြားခြား ဇာတ်ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။

Photo Credit:တန်ဖိုး - ရုပ်ရှင်
Photo Credit:တန်ဖိုး - ရုပ်ရှင်
Photo Credit:တန်ဖိုး - ရုပ်ရှင်

"တန်ဖိုး" ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မြန်မာနဲ့ ကိုရီးယားနှစ်နိုင်ငံက အနုပညာရှင်တွေ ပူးပေါင်းရိုက်ကူးထားပြီး လာမယ့် စက်တင်ဘာလ (၁၂) ရက်နေ့မှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်းမှာ သူ့တန်ဖိုးနဲ့သူရှိပါတယ်ဆိုတဲ့အကြောင်းကို အဓိပ္ပါယ်ဖွင့်ဆိုထားပြီး မျှော်လင့်ခြင်းအရောင်တွေကို ကိုယ်စားပြုရိုက်ကူးထားတယ်လို့လည်း သိရပါတယ်။ ဒီဇာတ်ကားကြီးရဲ့ဒါရိုက်တာကတော့ ကချင်လူမျိုးတစ်ဦးဖြစ်တဲ့ John La Raw ဖြစ်ပြီး လက်ထောက်ဒါရိုက်တာကတော့ ကိုရီးယားနိုင်ငံသူ Sung Jihye ပဲ ဖြစ်ပါတယ်။ 

Photo Credit:တန်ဖိုး - ရုပ်ရှင်
Photo Credit:တန်ဖိုး - ရုပ်ရှင်
Photo Credit:တန်ဖိုး - ရုပ်ရှင်
Photo Credit:တန်ဖိုး - ရုပ်ရှင်

အနုပညာရှင်တွေရဲ့ သရုပ်ဆောင်ပီပြင်မှု ၊ ဇာတ်လမ်းဇာတ်အိမ် ခိုင်မာမှု၊ ကိုရီးယားနဲ့မြန်မာအနုပညာရှင်တွေရဲ့ အကောင်းဆုံးကြိုးစားတင်ဆက်ထားမှုစတဲ့ အချက်တွေကြောင့် ဒီဇာတ်ကားကြီးက ပရိသတ်တွေ လုံးဝလက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားလို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် Official Trailer နဲ့တင် ကြည့်ရှုသူပရိသတ်ပေါင်း သန်းနဲ့ချီရရှိထားတာ တွေ့ရပါတယ်။ ဒါကြောင့် ချစ်ပရိသတ်တွေလည်း ကြိုတင်လက်မှတ်တွေဝယ်ပြီး ရုံတင်တာနဲ့သွားကြည့်ကြဖို့ တိုက်တွန်းရင်း "တန်ဖိုး" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Trailer ဗီဒီယိုဖိုင်လေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source:တန်ဖိုး - ရုပ်ရှင်

Photo Credit:တန်ဖိုး - ရုပ်ရှင်
Photo Credit:တန်ဖိုး - ရုပ်ရှင်
Photo Credit:တန်ဖိုး - ရုပ်ရှင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။