(၁) သူဝါသနာပါတဲ့အရာကိုသိအောင်လုပ်ပါ။

ကိုယ်crushနေတဲ့ ကောင်မလေးက ဘာလုပ်ရတာဝါသနာပါလဲဆိုတာကို သိအောင်လုပ်ဖို့ကအရမ်းအရေးကြီးပါတယ်နော်။ ဒါမှသူ့ရဲ့အနားကိုရောက်ဖို့အတွက်လွယ်ကူစေမှာပါနော်။ ပြီးရင်သူနဲ့တွေ့တဲ့အခါ သူမရဲ့ဝါသနာကိုအရင်းပြုပြီး ရင်းနှီးသွားနိုင်ပါတယ်။ ပထမခြေလှမ်းအနေနဲ့ သူငယ်ချင်းအဆင့်ရောက်ပြီဆိုရင် အိုကေပါပြီ။

Photo source: Pngtree

(၂) သူမအားကိုးရတဲ့သူဖြစ်ပါစေ။

ပြဿနာတစ်ခုကို ကောင်းကောင်းကိုင်တွယ်ဖြေရှင်းနိုင်တဲ့သူမျိုး မိမိအားငယ်နေတဲ့အချိန် စိတ်ဓာတ်ကျနေတဲ့အချိန် အားပေးနိုင်တဲ့သူမျိုးကို မိန်းကလေးတွေအလိုချင်ကြဆုံးပါ။သူမတို့ဘဝကို ဦးဆောင်ဦးရွက်ပြုပေးနိုင်လောက်အောင် အထင်ကြီးစရာကိစ္စလေးတစ်ခုလောက်လုပ်ပြနိုင်ရင်ပဲ ကိုယ့်အနားကို တဖြည်းဖြည်းရောက်လာနိုင်ပါတယ်နော်။ အရေးကြီးတာက သူတို့ဆီကနေ အထင်ကြီးလေးစားမှုကိုရဖို့ပါပဲ။ ဒါပေမယ့် အမြဲတမ်းလူကြီးဆန်နေတာမျိုးမဟုတ်ဘဲ စနောက်ကျီစယ်ပြီး သူမပျော်အောင်ထားဖို့ကလည်း အဓိကအချက်ဆိုတာကို မမေ့ပါနဲ့။

Photo source: Pngtree

(၃) ကိုယ်စိတ်ဝင်စားနေတာကိုသူသိပါစေ။

ဒါကလွယ်ပါတယ်။ သူမကိုခိုးခိုးကြည့်ပါ။ ပြီးရင် အရမ်းသိမ်မွေ့တဲ့ အကြည့်တွေနဲ့ ပေါ်တင်လည်းကြည့်ပါ။ သူမနဲ့ အကြည့်ချင်းဆုံတိုင်းလည်း ရင်ထဲကလာတဲ့အပြုံးနဲ့သာပြုံးသာပြလိုက်။ သူမတဖြည်းဖြည်းသတိထားမိလာပါလိမ့်မယ်။ သူမဆီက အပြုံးလှလှလေးနဲ့ ပြန်တုံ့ပြန်ခဲ့မယ်ဆိုရင် အခြေအနေက လုံးဝကြီးကောင်းနေပါပြီနော်။ဒါဆိုရင် ပထမဆုံးပြောခဲ့တဲ့အချက်တွေကအတိုင်း သူမအနားကပ်ဖို့ တိုက်စစ်တွေစသုံးလို့ရပါပြီနော်။

Photo source: Pngtree

(၄) သန့်သန့်ပြန့်ပြန့်နေပါ။

ဒီတစ်ခုကတော့ နဲနဲလေးအရေးကြီးပါတယ်နော်။ မိန်းကလေးတစ်ယောက်က ယောကျာ်းလေးကို စကြည့်ပြီဆိုရင် ခြေထောက်ကနေစကြည့်တယ်ဆိုတာအားလုံးပဲကြားဖူးကြမှာပါ။ အဓိကတော့ ညစ်ပတ်တဲ့မြေကြီးပေါ်မှာသွားလာရတဲ့ ခြေထောက်တောင် သန့်ပြန့်နေမယ်ဆိုရင် တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက်တကယ်ပဲ စိတ်ချရတဲ့အတွက်ကြောင့်ပါ။ ဒါကြောင့် ကိုယ့်ရဲ့ Crushဆီကိုသွားရမယ်ဆိုရင် သန့်သန်ပြန့်ပြန့်နဲ့ ပေါ့ပေါ့ပါးပါးလေးတွေဝတ်စားပြီးမှသွားပါ။

Photo source: Pngtree

(၅) သုံးလအတွင်း ချစ်တာကိုဖွင့်ပြောပါ။

သူမနဲ့ရင်းနှီးတာအချိန်အတော်ကြာသွားခဲ့မယ်ဆိုရင်လည်းမကောင်းပါဘူး။ မိန်းကလေးဘက်က သူငယ်ချင်းလိုပဲ မြင်သွားပါလိမ့်မယ်။ သူငယ်ချင်းတစ်ယောက်လို ခင်တွယ်သွားမိပြီဆိုရင် သူတို့ရဲ့ ချစ်သူတစ်ယောက်အနေနဲ့ စဉ်စားပေးဖို့လွယ်ကူတော့မှာမဟုတ်ပါဘူး။ ကိုယ့်အပေါ် သံယောဇဉ်ရှိတာမှန်ပေမယ့် အာကိုးအားထားပြုစရာလူတစ်ယောက်လို့မမြင်တော့တဲ့အတွက် Friendshipနဲ့သာအဆုံးသတ်ရပါလိမ့်မယ်။ ဒီတော့ သူမကိုစလိုက်ပြီး ရင်းနှီးမှုရထားတဲ့ သုံးလအတွင်း Roဆန်ဆန်လေးချစ်ကြောင်းဖွင့်ပြောလိုက်ပါ။

ကဲ... ဒါလေးတွေကတော့ အခုအချိန်ထိ ရည်းစားမရှိသေးတဲ့ FAတွေ အတွက် အသုံးဝင်နိုင်မယ့်နည်းလမ်းလေးတွေပါ။ ဒီအချက်လေးတွေကို အသေအချာသာလိုက်နာခဲ့မယ်ဆိုရင် ၇၅%လောက်က အခြေအနေကောင်းနေမှာပါ။ ဆိုတော့ ဒီအချက်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ရည်ရွယ်ချက်ကောင်းကောင်းလေးနဲ့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo source: Pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။