လောကကြီးမှာ အဆင်ချောတယ် အဆင်ပြေတယ်ဆိုတဲ့ အရာဟာ အမြဲတော့ ရှိမနေနိုင်ပါဘူး။ အဲ့လိုအဆင်မပြေတိုင်း စိတ်ဓာတ်ကျနေရမယ်ဆိုရင် ကျနေတဲ့စိတ်ဓာတ်တွေ ပြန်ကောက်လို့တောင် နိုင်မှာမဟုတ်ပါဘူးနော်။ ဒီတော့ အခုလို တစ်နေ့တာ သွားလာလှုပ်ရှာနေရတဲ့ ခက်ခဲပင်ပန်းတဲ့ ဘဝထဲမှာ လူသားပီပီနေထိုင်နိုင်ဖို့ ကြိုးစားရှင်သန်နိုင်ဖို့ အောက်ဖော်ပြပါ အချက်လေးတွေကို အသုံးချပေးသင့်ပါတယ်နော်။

(၁) ပတ်ဝန်းကျင်အပေါ်လေးစားပါ။

ကိုယ်လည်းသူများဆီက လေးစားမှု အသိအမှတ်ပြုမှုကို လိုချင်တယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်ကလူတိုင်းအပေါ်မှာလေးစားသမှုကတော့ မရှိမဖြစ်ရှိနေသင့်ပါတယ်နော်။ ကိုယ်နေထိုင်သွားလာနေတဲ့ ပတ်ဝန်းကျင်ကလူတွေအပေါ်လေးစားမှုမရှိဘူးဆိုရင် ဘယ်သူကမှကိုယ့်အပေါ် သိအမှတ်ပြုပေးမှာမဟုတ်ပါဘူး။ ဥပမာ- ကိုယ်သွားလာနေတဲ့ လမ်းမှာ ပန်းရံကိုင်နေတဲ့ အလုပ်သမားတစ်ယောက်ကို တွေ့မယ်ဆိုရင် သူတို့ရဲ့အလုပ်ကို လေးစားပါ။ သူတို့ရဲ့ဘဝကိုလေးစားပါ။ သူတို့ရဲ့ကြိုးစားမှုကိုအသိအမှတ်ပြုပေးပါ။ ကိုယ့်ထက်နိမ့်တယ်ဆိုပြီးလှောင်ရယ်တတ်သူတွေဟာ စိတ်ကော လူကောဘယ်တော့မှကြီးပွားတိုးတက်လာမှာမဟုတ်ပါဘူး။

Photo Source: Pngtree

(၂)အပြုံးဆိုတာလည်း ဆေးတစ်ခွက်

အပြုံးဆိုတာဟာ လူသားတွေအတွက် ဘာကွန်ယက်မှမလိုတဲ့ ဆက်သွယ်မှုတစ်ခုပါ။ ဘယ်သူနဲ့တွေ့တွေ့အမြဲတမ်းအပြုံးလေးနဲ့ စတင်မိတ်ဆက်မယ်ဆိုရင် လောကကြီးက သင့်ကိုအပြုံးတွေပဲပြန်ပေးပါလိမ့်မယ်။ အပြုံးဆိုတာကလည်း အမျိုးမျိုးရှိတာမို့ ကိုယ့်ရဲ့အပြုံးဟာ လှောင်ပြုံး မဲ့ပြုံးမဖြစ်ဖို့အရေးကြီးပါတယ်နော်။ ကိုယ့်ရဲ့အပြုံးဟာတစ်ပါးသူတစ်ယောက်အတွက် မျှော်လင့်ချက်တောင်ဖြစ်သွားနိုင်တာမို့ နှလုံးသားလှလှလေးနဲ့ အပြုံးလှလှလေးတွေပဲပြုံးကြပါနော်။ ဥပမာအနေနဲ့ဆိုရင် ကိုယ်အလုပ်ပင်ပန်းနေတဲ့အချိန် ချစ်သူလေးရဲ့အပြုံးက ကိုယ့်ကို ပင်ပန်းမှုတွေပြေလျော့သွားစေခဲ့သလိုပေါ့။ ဒါကြောင့် အပြုံးကလည်းဆေးတစ်ခွက်ပါပဲလို့ ဆိုပါရစေ။

Photo Source: Pngtree

(၃) (၅)မိနစ်ထက်ပိုပြီး Depression မဝင်ပါနဲ့

စိတ်ဓာတ်ကျ စိတ်ညစ်နေလို့ မထူးတဲ့ ဘဝမှာ အကောင်းဘက်ကဘဲ များများတွေးနိုင်အောင်ကြိုးစားပါနော်။ နောက်တစ်ခုက နည်းလမ်းရှာပါ။ တစ်ခုခုဆို အကောင်းဘက်ကနေတွေးပြီး ဖြေရှင်းဖို့နည်းလမ်းရှာတတ်မယ်ဆိုရင် လောကကြီးက သာသာယာယာဖြစ်သွားမှာပါ။ Depression ဝင်ဖို့ိကိုအချိန်မပေးပါနဲ့။ အများကြီးလုပ်စရာတွေကျန်သေးတယ်ဆိုတာကို စိတ်ထဲမှာစွဲနေအောင်မှတ်ထားရင် အသေးအဖွဲတွေကနေ မြန်မြန် ရုန်းထွက်လာနိုင်မှာပါ။

Photo Source: Pngtree

(၄) ကိုယ့်မှာရှိတဲ့ အရာတစ်ချို့ကိုမျှဝေသင့်သလောက်မျှဝေပါ။

မျှဝေတယ်ဆိုတာ ငွေရေး ကြေးရေး ကိစ္စမှမဟုတ်ပါဘူး။ အသိပညာ ဗဟုသုတတွေနဲ့ အကြံဉာဏ်တွေကိုလည်း ကိုယ့်ပတ်ဝန်းကျင်ကိုမျှဝေလို့ရပါတယ်။ သင့်ရဲ့အကြံဉာဏ်လိုအပ်လာမယ့်သူတွေလည်း လူမှုပတ်ဝန်းကျင်မှာရှိနေပါသေးတယ်။ ဒါ့အပြင် အလှူအတန်းလေးတွေပြုလုပ်ခြင်းကလည်း သင့်အတွက် ဘဝရဲ့အနှစ်သာရကို ကောင်းကောင်းခံစားရစေအုန်းမှာပါ။ နောက်ထပ် သေချာတာကတော့ အခြွေအရံတွေပေါများတဲ့ ပတ်ဝန်းကျင်လှလှလေးတစ်ခုဖြစ်လာမယ်ဆိုတာပါပဲ ချစ်ပရိတ်သတ်တို့ရေ....

Photo Source: Pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။