ပရိသတ်ကြီးရေ.. မြန်မာပရိသတ်တွေအပြင် အာရှနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေမှာပါ အောင်မြင်ကျော်ကြားတဲ့ ဖီလစ်ပိုင်ဆယ်လီ Sinon Loresca ကတော့ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ရောက်ရှိနေတာ ဖြစ်ပါတယ်နော်..။

Sinon Loresca ကတော့ မန္တလေးမြို့မှာကျင်းပပြုလုပ်မယ့် Miss Earth Myanmar 2019 ပြိုင်ပွဲကြီးမှာ မော်ဒယ်တွေကို Catwalk လျှောက်နည်း သင်ကြားပေးဖို့အတွက် မြန်မာနိုင်ငံကို ရောက်ရှိနေတာပါ..။


Photo Credit - Sinon Loresca’s Facebook
Photo Credit - Sinon Loresca’s Facebook

နိုင်ငံတော်တော်များများမှာ အောင်မြင်နေတဲ့ Sinon Loresca ကတော့ အခုဆိုရင် မြန်မာပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားပြီး အလှူအတန်းတွေကိုလည်း ဆက်တိုက်ပြုလုပ်နေတာ တွေ့ရပါတယ်..။

အခုတစ်ခါမှာလည်း Sinon Loresca တစ်ယောက် မန္တလေး Food Box မှာ မုန့်တွေနဲ့ ရေသန့်ဗူးတွေ လှူဒါန်းပြီး ဘုန်းကြီးကျောင်းအတွက် စားနပ်ရိက္ခာတွေ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့သလို အခုတစ်ခါမှာလည်း ကလေးငယ်လေးတွေအတွက် ကျောင်းလွယ်အိတ်လေးတွေ ပေးဝေလှူဒါန်းနေပါတယ်..။


Photo Credit - Sinon Loresca’s Facebook
Photo Credit - Sinon Loresca’s Facebook

ကလေးငယ်လေးတွေအတွက် ကျောင်းလွတ်အိတ်လေးတွေ ပေးဝေလှူဒါန်းရင်း ကိုယ်တိုင်လည်း ပျော်ရွှင်နေတဲ့ Sinon Loresca ရဲ့ ကြည်နူးစရာအလှူ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေကို ပြန်လည်မျှဝေထားတာလည်း တွေ့ရပါတယ်..။

အလှူအတန်းတွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ Sinon Loresca ကတော့ မျက်နှာလေးက ပြုံးချိုနေပြီး စိတ်ထားလေးပါ လှတဲ့ Sinon Loresca ကိုတော့ ပရိသတ်တွေ တော်တော်များများကလည်း ချစ်ခင်နေကြပါတယ်နော်..။


Photo Credit - Sinon Loresca’s Facebook
Photo Credit - Sinon Loresca’s Facebook

Photo Credit - Sinon Loresca’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။