screenshoot of topson twitter account

Back to Back Ti Champion ဖြစ်ထားတဲ့ OG အသင်းရဲ့ Po 2 ကစားသမားဖြစ်သူ Topson ကတော့ သူ့ရဲ့ twiter အကောင့်ကနေ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။

သူပြောခဲ့တာကတော့ ဒီအချိန်ဟာ ငါ့ရဲ့ Dota 2 ကစားသမားဘဝတောက်လျှောက် ထောက်ခံအားပေးခဲ့သူတိုင်းကို ကျေးဇူးတင်စကားပြောရမယ့်အချိန်လို့ထင်ပါတယ်။

ဒီနှစ်နှစ်ဆိုတဲ့ အချိန်လေးအတွင်းမှာ အိမ်မှာထိုင်ပြီး steaming လုပ်နေတဲ့ gamer လေးအဖြစ်ကနေ Ti Champion နှစ်ကြိမ်ဖြစ်သွားတဲ့အထိ အပြောင်းအလဲတွေအများကြီး ဖြစ်ပေါ်ခဲ့တယ် ။

ဒ့ါကြောင့် ငါ့ရဲ့ အကောင်းဆုံး teammates တွေ ၊ မိသားစုဝင်တွေနဲ့ ထောက်ခံအားပေးကြတဲ့ ပရိသတ်တွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် ဒီအချိန်မှာ ငါ့မိသားစုနဲ့ အချိန်ဖြုန်းဖို့အတွက် အားလပ်ရပ်တွေ လိုချင်သလို အနာဂတ်ကိုတွေးတောပြီး ရည်မှန်းချက်ပန်းတိုင်အသစ်တွေ ချဖို့လည်းလိုပါသေးတယ်။

ငါတို့ Ti 9 ချန်ပီယံဖြစ်ခဲ့တာကို အောင်ပွဲခံဖို့လိုပါသေးတယ်လို့ ပြောခဲ့တာပဲဖြစ်ပါတယ်။ 

Source _ Topson Twitter Account

orginal Linik

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။