ပရိသတ်တွေ အားလုံးသိကြတဲ့အတိုင်း Mobile Legends ဟာဆိုရင် ခုချိန်မှာ လူငယ်တွေကြားမှာ ခေတ်စားနေတဲ့ Game ပဲဖြစ်ပါတယ်။ Game ထဲမှာဆိုရင်လဲ Hero များစွာရှိသလောက် Mode အမျိုးမျိုးလဲ ပါဝင်တာကြောင့် ဆော့ရတဲ့သူတိုင်းအတွက်တော့ ဆော့လို့ကောင်းပါတယ်။ ပရိသတ်တွေထဲမှာလဲ Mobile Legends ကိုဆော့ကြမဲ့ သူတွေလဲရှိကြမှာပါ။ ဘာပဲဖြစ်ဖြစ်ပါ ခုချိန်မှာဆိုရင်တော့ Tank အမျိုးအစားဖြစ်ပေမဲ့ Fighter သဖွယ် ဆော့လို့ကောင်းတဲ့ Hero တစ်ယောက်အကြောင်းကို ဖော်ပြသွားမှာဖြစ်ပါတယ်။  

Photo Credit : Screenshot From Mobile Legends : Bang Bang Game
Photo Credit : Screenshot From Mobile Legends : Bang Bang Game

Caption မှာဖော်ပြထားတဲ့အတိုင်း Khufra ပဲဖြစ်ပါတယ်။ အမျိုးအစားကတော့ Tank ပဲဖြစ်ကာ တော်တော်လေးကို ကြမ်းတဲ့ Tank ပါ။ Grock နဲ့မကွာမခြားနားပါပဲ....Grock လဲ Tank လို့ပြောပေမဲ့ Fighter တွေနဲ့ ထုထောင်းနိုင်ပါတယ်။ Khufra ဟာဆိုရင်လဲ Tank ဆိုပေမဲ့ ကောင်းကောင်းကိုင်တက်ရင် Fighter ပဲဖြစ်ဖြစ် Marksman ပဲဖြစ်ဖြစ် ကြိုက်တဲ့ Role လာလာပါ ပြန်ခုတ်နိုင်ပါတယ်။ အဲ့လောက်ကြမ်းတဲ့ Hero ဖြစ်တာမို့ High Rank မှာ သူ့ကို Ban တက်ကြပါတယ်။ မ Ban ရင်တော့ သူပါတဲ့အသင်းဟာ နိုင်နိုင်ချေရှိပါတယ်။  

Best Emblem
Photo Credit : Screenshot From Mobile Legends : Bang Bang Game

ဒါပေမဲ့လဲ ဒါဟာ ကိုင်တဲ့သူအပေါ်နဲ့ အသင်းပေါ်သာမူတည်ပါတယ်။ သူရဲ့ Skill 1 ကတော့ အားစုပြီါ်တော့ ကိုယ်သွားချင်တဲ့နေရာကို သွားလို့ရပါတယ်။ ကိုယ်ကပိုကြာကြာအားစုလေ သွားနိုင်တဲ့ပမဏကပိုဝေးပြီး ပိုပြီးတော့ Physical Damage ထိကာ ပိုပြီးတော့ Stun စေပါတယ်။ Skill 2 ကတော့ အလုံးပုံစံပြောင်းလိုက်ပြီး ရန်သူ Hero ကို Magical Damage ထိစေကာ ၄ချက်မြေကြီးနဲ့ထိပါတယ်။ ထိလိုက်တဲ့ချိန်တိုင်း ရန်သူဟာ နှေးသွားမှာဖြစ်ပြီး Flicker တွေလိုမျိုး ခုန်ဖြတ်တာတွေ Funny ရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့ ကြိုးတန်းတွေဟာ အသုံးမဝင်တော့ပါဘူး။  

Best Against
Photo Credit : Screenshot From Mobile Legends : Bang Bang Game
Weak Against
Photo Credit : Screenshot From Mobile Legends : Bang Bang Game
Best Teammate
Photo Credit : Screenshot From Mobile Legends : Bang Bang Game

သူရဲ့ Ultimate ကတော့ ရန်သူတွေကို သူရှေ့တည့်တည့်ကို စုလိုက်ကာ Physical Damage ထိစေပြီါ် နံရံနဲ့ထိပါကာ Stun စေမှာဖြစ်ပါတယ်။ Battle ထဲဝင်မဲ့ချိန်ဆိုရင်တော့ Skill 1 သုံး ပြီးရင် Ultimate ကိုနံရံနဲ့ထိအောင်သုံးပြီး Skill 2 သုံးပါ။ Passive ကတော့ ၇စက္ကန့်တိုင်းမှာရရှိမှာဖြစ်ပြီး ပစ်လိုက်တဲ့ချိန်တိုင်း Magic Damage ထိစေကာ ကိုယ်ကိုတိုင်လဲ သွေးပြန်ရပါတယ်။ အောက်မှာတော့ အကောင်းဆုံး Build တွေရယ် သူအနေနဲ့ ရင်ဆိုင်ဖို့ကောင်းတဲ့ Hero ရယ် အားနည်စေမဲ့ Hero ရယ် Teammates အကောင်းဆုံး Hero တွေကို ဖော်ပြထားပါတယ်။  

Photo Credit : Screenshot From Mobile Legends : Bang Bang Game
Photo Credit : Screenshot From Mobile Legends : Bang Bang Game
Photo Credit : Screenshot From Mobile Legends : Bang Bang Game

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။