ပရိသတ်ကြီးရေ တေးသံရှင်ပိုပိုကတော့ တေးသီချင်းလောကမှာ အောင်မြင်မှုတွေရရှိနေပြီး သူမသီဆိုထားတဲ့သီချင်းကောင်းလေးတွေကိုလည်း ပရိသတ်တွေကအရမ်းကြိုက်နှစ်သက်ကြပါတယ်။ပိုပိုက အခုဆိုရင် တေးသီချင်းအသစ်တွေကိုဆက်လက်လုပ်ဆောင်နေပြီး ဘယ်တော့မှမရိုးသွားနိုင်တဲ့သီချင်းကောင်းလေးတွေကို ပရိသတ်တွေကြားမကြာခင်ချပြတော့မှာဖြစ်ပါတယ်။

Photo Credit:ပိုပို's Facebook
Photo Credit:ပိုပို's Facebook
Photo Credit:ပိုပို's Facebook

အကယ်ဒမီရွှေကြိုကနေတဆင့် အနုပညာလောကထဲကိုဝင်ရောက်လာခဲ့တဲ့ သီဟအောင်ကတော့ သရုပ်ဆောင်ကိုကိုဦးရဲ့ သားချောလေးပဲဖြစ်ပါတယ်။ဖေဖေ့လိုပဲ အနုပညာကိုဝါသနာပါတာကြောင့် အသက်လေးငယ်ငယ်နဲ့ပဲအနုပညာအလုပ်တွေကို တတ်နိုင်သလောက်လုပ်ဆောင်နေပြီး ပရိသတ်တွေကလည်း သီဟအောင်ကို အားပေးကြိုဆိုကြပါတယ်နော်။

Photo Credit:ပိုပို's Facebook
Photo Credit:ပိုပို's Facebook

အခုဆိုရင်တော့ ပိုပိုကလည်းတေးသီချင်းအသစ်အတွက်ဆက်လက်ကြိုးစားနေတာဖြစ်ပြီး သီချင်းအသစ်ရဲ့ MTVလေးမှာ သီဟအောင်နဲ့အတူ မင်္ဂလာဝတ်စုံလေးတွေဝတ်ဆင်ထားကာ"မနက်မိုးလင်းတိုင်းမှာ မောင့်ရဲ့မျက်နှာ တွေ့ချင်နေမိလို့ Will you Marry me."ဆိုပြီး ရိုက်ကွင်းပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်မျှဝေလာပါတယ်နော်။

Photo Credit:ပိုပို's Facebook
Photo Credit:ပိုပို's Facebook
Photo Credit:ပိုပို's Facebook

Photo Credit:ပိုပို's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။