ဒီတစ်ပါတ်မှာ ပရိသတ်ကြီးကို "မြသပိတ်" ရေပြာအိုင်အကြောင်း တင်ဆက်ပေးမှာဖြစ်ပါတယ်...။ ထို"မြသပိတ်" ရေပြာအိုင်က ရှမ်းပြည်နယ်တောင်ပိုင်း တောကျယ်ရွာမှာ သဘာဝအတိုင်းတည်ရှိနေတာဖြစ်ပြီး နှစ်ပေါင်းရာချီနေပြီလို့ ဒေသခံများရဲ့ ပြောစကားအရသိရပါတယ်...။ ဒေသခံတစ်ဦးက ထိုရေပြာအိုင် အကြောင်းကို လူမှုကွန်ယက်စာမျက်နှာပေါ် တင်ပြီးနောက်ပိုင်းမှာ လူသိများလာပြီး သွားရောက်လည်ပတ်သူတွေ များပြားလာတာဖြစ်ပါတယ်...။

Photo Credit Linnz Htoo Facebook
Photo Credit Linnz Htoo Facebook

ထို "မြသပိတ်" ရေပြာအိုင်က အရမ်းကိုထူးခြားတာဖြစ်ပါတယ်...။ ထိုရေပြာကန်ထဲမှာ ငါးကြီးတွေလည်းရှိပြီး၊ ရေအောက်ထဲသို့ မြင်ရအောက်လောင် သဘာဝအတိုင်း ကြည်လင်ပြာနှမ်းတာဖြစ်ပါတယ်...။ မကြာခဏဆိုသလို ရေပွက်တွေ စူစူတက်လာပါတယ်...။ ဒီထက်ထူးခြားတာက ရေကလုံးဝမခမ်းသွားတာဖြစ်ပါတယ်...။

Photo Credit Linnz Htoo Facebook
Photo Credit Linnz Htoo Facebook

အခါကြီး၊ ရက်ကြီးမှာ "မြသပိတ်" ရေပြာအိုင်သို့ လာရောက်လည်ပတ်သူတွေ အစည်ကားဆုံးဖြစ်ပါတယ်..။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ လာရောက်လည်ပတ်သူတွေလည်းများစွာ ရှိပါတယ်..။ စာဖတ်ပရိသတ်ကြီးအနေနဲ့ စိတ်ဝင်စားလို့ သွားရောက်လည်ပတ်ချင်တယ်ဆိုရင်တော့ "ရန်ကုန်ကနေ မန္တလေးလမ်းမကြီးအတိုင်း ဆင်းလာပြီး ကျောက်ဆယ်မြို့အကျော် ဟန်မြင့်မိုရ် အောင်ပန်းလမ်းမကြီးအတိုင်း "Express Car" နဲ့သွားမယ်ဆိုရင် ၄၊ ၅ နာရီဝန်းကျင်လောက်မောင်းရမှာဖြစ်ပြီး၊ ရွာငံမြို့ အကျော်လမ်းမကြီးဘေးမှာ ရေပြာအိုင် လမ်းညွှန်ဆိုင်းဘုတ်လေးကို မြင်တွေ့ရမှာဖြစ်ပါတယ်...။

Photo Credit Linnz Htoo Facebook 

စာရေးသူ Linnz Htoo

Photo Credit Linnz Htoo Facebook
Photo Credit Linnz Htoo Facebook
Photo Credit Linnz Htoo Facebook
Photo Credit Linnz Htoo Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။