အနုပညာလောကထဲတွင် ပရိသတ်တွေအားကျနေရတဲ့ ဇနီးမောင်နှံအတွဲကတော့ ပိုင်ဖြိုးသုတို့ပဲ ဖြစ်ပါတယ်။ ဝါသနာပါရာ အနုပညာအလုပ်တွေကိုအတူတကွလုပ်ကိုင်ရင်း ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို ဖန်တီးတည်ဆောက်ထားတာပါ။ 

Photo Credit- Paing Phyoe Thu’s Facebook
Photo Credit- Amazing Grace Photography

သုသုဟာ မကြာသေးခင်ကပဲ နယူးယောက်မြို့ကိုတစ်လကြာ သင်တန်းသွားရောက်တက်ခဲ့တာပဲဖြစ်ပြီး ယခုအခါမှာ မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသို့ရောက်ရောက်ချင်းမှာပဲ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။ သူမရဲ့အနုပညာလှုပ်ရှားမှုတွေကိုလည်း လူမှုကွန်ယက်ကနေတစ်ဆင့်ပရိသတ်တွေသိရှိရအောင် တင်ပေးနေတာပါ။ 

Photo Credit- RVB Photography
Photo Credit- Paing Phyoe Thu’s Instagram Stories

အခုတစ်ခေါက်မှာလည်း ရိုက်ကူးရေးပြီးဆုံးပြီး ပုဂံကနေရန်ကုန်သို့ပြန်ရောက်ပြီးဒီနေ့မနက်မှာပဲ ချစ်ခင်ပွန်းနဲ့အတူ မော်လ်ဒိုက်ကမ်းခြေသို့အပန်းဖြေရန်ထွက်ခွာသွားပြီပဲ ဖြစ်ပါတယ်။ သူမရဲ့ Instagram stories တွင်လည်း " မနေ့ညကပုဂံကပြန်ရောက်တယ်ဆိုတော့ အခုမနက် ငါးနာရီကို နီးနီးနားနား Maldives သွားရဦးမယ် " ဆိုပြီး ပုံရိပ်လေးတစ်ခုတင်ထားတာပါ။ ပရိသတ်တွေလည်း သူတို့ရဲ့သတင်းလေးကိုသိရှိနိုင်ရန် တစ်ဆင့်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Source- Paing Phyoe Thu’s Instagram Stories 

Source- Paing Phyoe Thu’s Instagram Stories
Source- Paing Phyoe Thu’s Instagram Stories

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။