အဆိုတော်၊ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ စိန်လင်း (Aroma) ကတော့ အသံပါဝါကောင်းပြီး အချစ်သီချင်းကောင်းကောင်းလေးတွေကို အများဆုံးသီဆိုလေ့ရှိသူ ဖြစ်ပါတယ်။ သူရဲ့ထွက်ရှိခဲ့သမျှ သီချင်းတော်တော်များကလည်း ပရိသတ်တွေရဲ့အားပေးနှစ်သက်မှုရရှိပြီး အတော်လေးကို လူကြိုက်များအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit -Sein Lin Aroma's Facebook
Photo Credit -Sein Lin Aroma's Facebook

လက်ရှိမှာတော့ စိန်လင်းက မင်းသမီးချော ထက်ထက်မိုးဦးနဲ့အတူ ''Metta organic အောင်မဲညို shampoo ၊ Hair Serum၊ Facial Cleaning Gel'' အတွက် အစအဆုံးဒါရိုက်တာလုပ်ပြီး ရိုက်ကူးပေးခဲ့ပါတယ်။ စိန်လင်းက မထက်နဲ့ ကြော်ငြာရိုက်ကူးရေးလုပ်ရင်း ပျော်ပျော်ပါးပါး Tik Tok ကစားခဲ့ပါသေးတယ်။

Photo Credit -Sein Lin Aroma's Facebook
Photo Credit -Sein Lin Aroma's Facebook

စိန်လင်းနဲ့ ထက်ထက်မိုးဦးတို့နှစ်ယောက်က လတ်တလောမှာ အရမ်းကိုရေပန်းစားလူကြိုက်များနေတဲ့ ''ကိုကြီး'' သီချင်းလေးနဲ့ Tik Tok ကစားခဲ့ကြတာ ဖြစ်ပါတယ်။ စိန်လင်းက မထက်နဲ့ Tik Tok ဗီဒီယိုလေးကို ''မထက်ကခေါ်တဲ့ ကော်ရီး'' ဆိုပြီး သူရဲ့Facebook Acc မှာတင်ပေးထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စိန်လင်းနဲ့ ထက်ထက်မိုးဦးရဲ့ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Sein Lin Aroma's Facebook; 

Photo Credit -Sein Lin Aroma's Facebook
Photo Credit -Sein Lin Aroma's Facebook
Photo Credit -Sein Lin Aroma's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။