နန္ဒာလှိုင်ဟာ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာတင်ခဲ့တဲ့ " ကလေးကျောင်းပို့ပြီအပြန်မုန့်ဝင်ဝယ်တာပိုက်ဆံရှင်းခါနီးအိတ်ကိုဖွင့်ကြည့်တော့ " ဆိုတဲ့ ပို့စ်လေးဟာ လတ်တလောလူအများကြားမှာ နာမည်ကြီးခဲ့တာပါ။ ဒီအကြောင်းနဲ့ပက်သက်ပြီး သူမရဲ့ခင်ပွန်းဖြစ်သူ ဇေသီဟကတော့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် အခုလိုပဲ ရေးသားခဲ့တာပါ။ 

photo credit - Nandar Hlaing Facebook Account
photo credit - Nandar Hlaing Facebook Account

" နန္ဒာ ဒီပုံတင်ထားတဲ့ပိုစ့်အောက်က မန့်တွေ ဖတ်ကြည့်မိတယ်။ ဖြတ်သန်းရတဲ့ ပတ်ဝန်းကျင်မတူတော့ နားလည်ကြမယ်မထင်ပါဘူး။ အိတ်ထဲမှာ ငွေမပါတဲ့ ဖြစ်ရပ်က နန္ဒာ့ထက် အပြင်အမြဲသွားနေတဲ့ ကျွန်တော်က ပိုဖြစ်ပါတယ်။ နေ့တိုင်း ရုံးနဲ့ အိမ် ပဲ သွားနေကြသူအတွက် ငွေတပြားမှ ကိုင်သွားစရာမလိုပါဘူး။ ညနေမှာ ထိုင်နေကြ Byblos မှာက စားသမျှ ငွေရှင်းစရာမလို။ တလတခါ ကဒ်ထုတ်ရှင်းလိုက်ရုံသာ။ တခြားဆိုင်တွေကလည်း ရုံးကပဲ ရှင်းပေးလို့ ငွေသားကို အမြဲမဆောင်ဖြစ်။ အဲ့ဒါကြောင့်လည်း ငွေမပါပဲ ဆီဖြည့်မိတာတွေ၊ လက်ဖက်ရည်ဆိုင်မှာ ငွေမပါသွားလို့ အကြွေးထားခဲ့ရတာတွေက ဖြစ်နေကြပါ။ 

photo credit - Nandar Hlaing Facebook Account
photo credit - Zay Thiha's Facebook Account

နန္ဒာက တစ်ခုသာတယ်။ သူ့ပိုက်ဆံအိတ်က ကြီးတော့ အမြဲအကြွေရှိတယ်။ တစ်ရာတန် ၂ ရာတန်ကအစ ပြန့်နေအောင် သိမ်းတတ်တယ်။ အဲ့ဒီနေ့က လားရှိုးကြက်ကင်ဆိုင်မှာ မြီးရှည်တွေဝယ်ရင်း ဆိုင်ကဂျာကြီးကိုတောင် ပိုက်ဆံမလောက်ရင် အကြွေးထားခဲ့မယ်နော် ပြောပြီး ပိုက်ဆံရေတွက်ရင်း အမှတ်တရ ရိုက်တင်ခဲ့တာပါ။

ဘယ်သူ့ကိုမှ ပုတ်ခတ်တာမဟုတ်ပဲ လင်မယားနှစ်ယောက်ရဲ့ ရယ်စရာအဖြစ်ကို သဘောကျပြီး တင်လိုက်တာနေမှာပါ။ ဒီလိုအဖြစ်မျိုးက ကျွန်တော်တို့အတွက် ရိုလို့မရဘူးလားဟင်....နှစ်ယောက်သားငွေမပါပဲ ရိုခဲ့ကြတာ အမှတ်တရပါ။ "ဆိုပြီး ရေးသားထားတာလေးကို ပရိသတ်ကြီးအတွက် တစ်ဆင့်ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Source - Zay Thiha Facebook Account

photo credit - Zay Thiha's Facebook Account
photo credit - Zay Thiha's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။