သရုပ်ဆောင် မင်းသမီးချောလေး ခေးဆက်သွင်ကတော့ ဇာတ်လမ်းတွဲလေးတွေနဲ့ ဗီဒီယိုဇာတ်ကားတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်ရိုက်ကူးပြီး အောင်မြင်နေတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်မရွေး သဘာဝကျပီပြင်အောင် အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ ခေးဆက်သွင်က လက်ရှိမှာလည်း ''နှင်းဆီ'' ဇာတ်လမ်းတွဲလေးနဲ့ အောင်မြင်မှုရရှိနေတာ ဖြစ်ပါတယ်။

Photo Credit-Khay Sett Thwin's Facebook;
Photo Credit-Khay Sett Thwin's Facebook;
Photo Credit-Khay Sett Thwin's Facebook;

ယခုလက်ရှိ MRTV-4 မှာ ထုတ်လွှင့်ပြသနေတဲ့ " နှင်းဆီ " ရုပ်သံဇာတ်လမ်းတွဲလေးမှာတော့ ခေးဆက်သွင်က ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးက ပရိသတ်ကြည့်ရှုမှုအများဆုံးနဲ့ အောင်မြင်နေသလို နှင်းဆီအဖြစ် သရုပ်ဆောင်ထားတဲ့ ခေးဆက်သွင်ကလည်း ပရိသတ်တွေရဲ့ချီးကျူးအားပေးမှုကို ရရှိနေတာ ဖြစ်ပါတယ်။ အခုလည်း ခေးဆက်သွင်က ''နှင်းဆီ''ဇာတ်လမ်းတွဲလေးထဲက မောင်လေးဝသာန်အဖြစ် သရုပ်ဆောင်ထားတဲ့ စွမ်းထက်ညီညီနဲ့ အမှတ်တရပုံရိပ်လေးတွေကို သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ထားပါတယ်။

Photo Credit-Khay Sett Thwin's Facebook;
Photo Credit-Khay Sett Thwin's Facebook;
Photo Credit-Khay Sett Thwin's Facebook;

ခေးဆက်သွင်က " မောင်လေးရေ....." ဆိုပြီး နှင်းဆီနဲ့ဝသာန်တို့မောင်နှမအဖြစ် သရုပ်ဆောင်ထားတဲ့ သူတို့နှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်။ အရမ်းကို ကြေကွဲစရာကောင်းတဲ့ ဇာတ်ဝင်ခန်းတစ်ခုက ပုံရိပ်လေးတွေဖြစ်တာကြောင့် ခေးဆက်သွင်က ပရိသတ်တွေကို " ငိုလိုက်ကြသေးလားဟင်" ဆိုပြီးလည်း မေးထားပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခေးဆက်သွင်နဲ့ စွမ်းထက်ညီညီတို့ရဲ့ရိုက်ကွင်းပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Khay Sett Thwin's Facebook;

Photo Credit-Khay Sett Thwin's Facebook;
Photo Credit-Khay Sett Thwin's Facebook;
Photo Credit-Khay Sett Thwin's Facebook;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။