ပြည်တွင်း လက်ဝှေ့ချစ်ပရိသတ်တွေတိုင်း စိတ်ဝင်တစားရှိနေတဲ့ မြန်မာ့ကိုယ်စားပြု ဗြိတိန်ဖိုက်တာမလေး Nicola the Burmese Python ကိုတော့ အားလုံးသိမယ်ထင်ပါတယ်။ သူမကတော့ မွေထိုင်းနဲ့ ကစ်ဘောက်ဆင်နယ်ပယ်မှာ ပရော်ဖက်ရှင်နယ်ပွဲတွေထိုးသတ်နေပြီး နိုင်ပွဲတိုင်းကို မြန်မာ့အလံလွှင့်ကာ အောင်ပွဲခံတက်သူတစ်ယောက်လည်းဖြစ်ကြောင်း သိရပါတယ်။ လက်ဝှေ့နယ်ပယ်တွေများစွာဖြတ်သန်းဖူးသူတစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင်လေ့ကျင့်သင်တန်းတစ်ခုကိုလည်း ဖွင့်ထားကြောင်း သူမရဲ့ လူမှုစာမျက်နှာပေါ်ကတဆင့် သိရပါတယ်။  

PHOTOS CREDIT - Nicola the Burmese Python's FB Account
PHOTOS CREDIT - Nicola the Burmese Python's FB Account

Nicola the Burmese Python ဟာ အောင်လအန်ဆန်းကို အားကျရသူတစ်ယောက်ဖြစ်တာကြောင့် အောင်လအန်ဆန်းကဲ့သို့ the Burmese Python ကို သူမရဲ့ နာမည်မှာထည့်သွင်းထားပြီး ပရိသတ်တွေအကြိုက် ပွဲကောင်းတွေကို ထိုးသတ်ပေးလေ့ရှိတာတွေ့ရပါတယ်။ လက်ရှိ Nicola the Burmese Python ကတော့ မြန်မာနိုင်ငံကပြုလုပ်တဲ့ WLC(World Lethwei Championship) ပြိုင်ပွဲကြီးကို ဝင်ရောက်ထိုးသတ်ဖို့ပြင်ဆင်နေကြောင်း သိရပါတယ်။  

PHOTOS CREDIT - Nicola the Burmese Python's FB Account
PHOTOS CREDIT - Nicola the Burmese Python's FB Account

မကြာသေးမီကလည်း Nicola the Burmese Python ကတော့ သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် လာမည့် အောက်တိုဘာလ ၄ ရက်နေ့မှာ ထိုးသတ်မယ့် FEARLESS TIGERS (WLC) ပြိုင်ပွဲကြီးမှာ ပါဝင်နေကြောင်း ပြသထားတာပဲဖြစ်ပါတယ်။ ပြိုင်ပွဲအတွက် ရင်ခုန်နေပြီဖြစ်ကြောင်း နဲ့ ပြင်ဆင်မှုတွေပြုလုပ်နေကြောင်း ကိုလည်း ပုံရိပ်တွေနဲ့တကွပြသခဲ့ပါတယ်။ မြန်မာ့လက်ဝှေ့လောကမှာ မြန်မာကိုယ်စားပြုထိုးသတ်တော့မယ့် Nicola the Burmese Python ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

PHOTOS CREDIT - Nicola the Burmese Python's FB Account 

PHOTOS CREDIT - Nicola the Burmese Python's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။