မော်ဒယ်ခေတ်ဦးမှာထဲကကျော်ကြားခဲ့ပြီး ခုချိန်ထိ လှပကျော့ရှင်းနေဆဲဖြစ်တဲ့သူကတော့ စမိုင်းလ် ပဲဖြစ်ပါတယ် ။ သူမဟာ အနုပညာလောကတွင် အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် ယနေ့ထိတိုင်ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ချစ်ရတဲ့ခင်ပွန်းနဲ့အတူ သမီးလေးနှစ်ယောယက်နဲ့ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ဖန်တီးတည်ဆောက်ထားတာပါ။  

Photo Credit - Smie Facebook page
Photo Credit - Smie Facebook page
Photo Credit - Smie Facebook page

သူမရဲ့လှုပ်ရှားမှုတိုင်းကိုလည်း Smile ဆိုတဲ့ Facebook Page မှတစ်ဆင့် ပရိသတ်တွေကို ဝေမျှပေးတာပါ။ သူမရဲ့မိသားစုဘဝလေးကို အားလုံးက အားကျနေတာပါ။ အခုတစ်ခေါက်မှာလည်း သမီးလေးကို Surprise လုပ်ထားတဲ့ ဗီဒီယိုလေးကို တင်ထားတာပါ။

Photo Credit - Than Smie Facebook Account
Photo Credit - Than Smie Facebook Account
Photo Credit - Than Smie Facebook Account

သမီးငယ်လေး ကျောင်းကပြန်လာတဲ့အချိန်လေးမှာ သူမလိုချင်နေတဲ့ ခွေးလေးကို လက်ဆောင်ပေးခဲ့တာလေးကို ဗီဒီယိုလေးရိုက်ကူးထားတာပါ။ သမီးလေးကလည်း အလိုချင်ဆုံးခွေးလေးလက်ဆောင်ရတဲ့အတွက် မျက်ရည်ကျတဲ့အထိ ပျော်ရွှင်ခဲ့တာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်နော်။

Source - Smile Facebook Page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။