ပရိသတ်ကြီးရေ ရိုမန်တစ်ဆန်တဲ့ အချစ်ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အမြဲအားကျကြည်နူးစေတဲ့ စုံတွဲလေးကတော့ အဆိုတော်သားဂန်းနဲ့ မော်လ်ဒယ်သရုပ်ဆောင် မင်းသမီးချောဘေဘီမောင်တို့ စုံတွဲလေးပဲ ဖြစ်ပါတယ်။တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြပြီး လိုက်ဖက်ညီလွန်းတဲ့ သူတို့စုံတွဲလေးကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုလည်း အခိုင်အမာရရှိထားကြသူတွေလည်း ဖြစ်ပါတယ်။

Photo Credit:Baby Maung Facebook
Photo Credit:Baby Maung Facebook

သူတို့ စုံတွဲလေးကတော့ အောင်မြင်တဲ့အနုပညာရှင်တွေဖြစ်ပြီး ကိုယ်စီ ပရိသတ်အခိုင်မာရရှိထားတာလည်းဖြစ်ပါတယ်။ဘေဘီမောင်ကတော့ ကိုယ်ခန္ဓာအမိုက်စားလေးကို ပိုင်ဆိုင်ထားကာ အမြဲဖက်ရှင်အလန်းတွေနဲ့ စမတ်ကျကျ ဝတ်ဆင်တက်တာကြောင့် မိန်းကလေးအများစု အားကျချစ်ခင်နေရတာလည်းဖြစ်ပါတယ်။ဇာတ်ကားများစွာ ရိုက်ကူးထားပြီး ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးမှု များစွာရရှိထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

Photo Credit:Baby Maung Facebook
Photo Credit:Baby Maung Facebook

ဘေဘီမောင်ရဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေကလည်း ပရိသတ်တွေရဲ့အချစ်ကို ဖမ်းစားစေခဲ့တာပဲဖြစ်ပါတယ်။လတ်တလောမှာတော့ အနီရောင်ဖက်ရှင်လေးနဲ့ ချစ်စရာကောင်းလွန်းနေတဲ့ အလန်းစား ပုံလေးတွေကို သူရဲ့ဖေ့ဘွတ်အကောင့်မှာဖော်ပြထားတာတွေ့ရပါတယ်။ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိလှနေတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Photo Credit:Baby Maung Facebook
Photo Credit:Baby Maung Facebook

Source:Baby Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။