အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ရင်း တစ်စထက်တစ်စအောင်မြင်မှုတွေ ရရှိလာသူကတော့ သရုပ်ဆောင် ခင်လှိုင်ရဲ့သမီးချောလေး သဇင်ထူးမြင့်ပါ။ သူမဟာ ၂၀၁၈ ခုနှစ်မြန်မာ့ထူးချွန်ဆုချီးမြှင့်ပွဲတွင် ရွှေကြိုအဖြစ်ပါဝင်ခဲ့သူပါ။  

Photo Credit - Thazin Htoo Myint's Facebook Account
Photo Credit - Min Khant Ko's Facebook Account

အခုလတ်တလောမှာလည်း ကြော်ငြာများ လက်မလည်အောင် ရိုက်ကူးနေရတာပါ။ မကြာခင်မှာလည်း နာမည်ကြီး အနုပညာရှင်များနဲ့အတူ ရုပ်သံဇာတ်လမ်းတွဲတစ်ခုကို ရိုက်ကူးတော့မှာပါ။ သူမရဲ့ပရိသတ်တွေကတော့ သဲရဲ့လှုပ်ရှားမှုတိုင်းကို ချစ်နေရတာပါ။  

Photo Credit - Thazin Htoo Myint's Facebook Account
Photo Credit - Min Khant Ko's Facebook Account

အခုတစ်ခေါက်မှာလည်း အမြွှာညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ မင်းခန့်ကိုနဲ့ဖြိုးပိုင်ညီညီတို့နဲ့အတူ ပျော်ပျော်ပါးပါး Live လွှင့်ကာ ပရိသတ်တွေနဲ့ စကားပြောခဲ့တာပါ။ ဒီ Liveလေးထဲမှာ သူငယ်ချင်းသုံးယောက် တစ်ယောက်နဲ့တစ်ယောက် စလိုက်နောက်လိုက်နဲ့သိပ်ကို ပျော်စရာကောင်းလွန်းတာပါ။ ပရိသတ်ကြီးလည်း သူတို့သုံးယောက်လုံးရဲ့ Live Video လေးကို ကြည့်ရှုနိုင်အောင် တစ်ဆင့်ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။

Source - Min Khant Ko's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။