အနုပညာအလုပ်တွေများစွာနဲ့အတူ ပရဟိတအလုပ်တွေကိုပါ ပူးတွဲလုပ်ဆောင်လျှက်ရှိတဲ့ ဟာသလူရွှင်တော် ခင်လှိုင်နဲ့ တက္ကသိုလ်ဂွမ်းပုံတို့ရဲ့ အလှူပုံရိပ်တွေကိုတော့ မကြာခဏမြင်တွေ့ဖူးကြမယ်ထင်ပါတယ်။ သောက်သုံးရေအလှူအတွက် ပရဟိတအဖွဲ့၊ လူရွှင်တော်သက်ကြီးပူဇော်မှုအတွက် လစဉ်ထောက်ပံ့ငွေပေးအပ်မှုအဖွဲ့တွေအပြင် အခြားပရဟိတအဖွဲ့တွေများစွာမှာလည်း ပါဝင်လုပ်လျှက်ရှိတာပဲဖြစ်ပါတယ်။  

vide0 & Photos - Khin Hlaing's Fb Account
vide0 & Photos - Khin Hlaing's Fb Account
vide0 & Photos - Khin Hlaing's Fb Account

စက်တင်ဘာလ ၅ ရက်နေ့ ဒီကနေ့မှာလည်း ခင်လှိုင်ကိုယ်တိုင်ဦးဆောင်ဖွင့်လှစ်ထားတဲ့ ဇဝန ပရဟိတအဖွဲ့ကတော့ ဝါရင့်လူရွှင်တော်ကြီး ဦးကမ္ဘာကျော်အတွက် အလှူငွေ သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ အဆိုပါအလှူကတော့ လစဉ်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်တွင်း သက်ကြီးလူရွှင်တော်တွေကို တက်အားသလောက် လှူဒါန်းခဲ့ကြတာပဲဖြစ်ပါတယ်။  

vide0 & Photos - Khin Hlaing's Fb Account
vide0 & Photos - Khin Hlaing's Fb Account
vide0 & Photos - Khin Hlaing's Fb Account

ခင်လှိုင်၊ ဂွမ်းပုံ နဲ့အတူ အဆိုပါ ဇoနပရဟိတအဖွဲ့ကတော့ လူရွှင်တော်ဦးကမ္ဘာကျော်အတွက် စုစုပေါင်းငွေကျပ် ၁၀ သိန်း ၈ သောင်းနဲ့ ၅ ထောင်ကျပ်ကို သွားရောက်လှူဒါန်းခဲ့ကြတာပဲဖြစ်ပါတယ်။ လေးစားစရာကောင်းတဲ့ ဒီကနေ့ ခင်လှိုင်ဂွမ်းပုံ ဦးဆောင်တဲ့ ဇဝနအဖွဲ့ရဲ့ လှူဒါန်းမှုဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်ဖို့မျှဝေပေးလိုက်ပါတယ်။

vide0 & Photos - Khin Hlaing's Fb Account

vide0 & Photos - Khin Hlaing's Fb Account
vide0 & Photos - Khin Hlaing's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။