နာမည်ကြီး ဖိလစ်ပိုင်Cat Walk King တစ်ဦးဖြစ်တဲ့ Loresca ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကမှ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တဲ့ Sinon Loresca ကိုတော့ မြန်မာပရိသတ်တွေက အတော်လေးစိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ Sinon Loresca အနေနဲ့ မြန်မာနိုင်ငံလာရောက်လည်ပတ်နေစဉ် အချိန်ခဏလေးအတွင်းမှာပဲ သူတတ်နိုင်သလောက်လေး အလှူအတန်းတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit- Sinon Loresca's FB ;
Photo Credit- Sinon Loresca's FB ;
Photo Credit-Sue Sha Naing's FB ;

ချစ်ခင်လေးစားစရာကောင်းတဲ့ သူရဲ့စိတ်ဓာတ်နဲ့ အပြုအမူလေးတွေကြောင့် မြန်မာပရိသတ်တွေက ချစ်ခင်နေရပြီပဲ ဖြစ်ပါတယ်။ အခုလည်း မင်းသမီးချောလေး ပက်ထရစ်ရှာက Sinon Loresca နဲ့တွေ့ဆုံခဲ့တဲ့ အမှတ်တရပုံလေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေပေးခဲ့ပါတယ်။ပက်ထရစ်ရှာက အမှတ်တရလက်ဆောင်ပေးရင်း ရိုက်ကူးထားတဲ့ပုံလေးတွေနဲ့အတူ Sinon Loresca အကြောင်းကိုလည်း ပြောပြလာခဲ့ပါတယ်။

Photo Credit-Sue Sha Naing's FB ;
Photo Credit-Sue Sha Naing's FB ;
Photo Credit-Sue Sha Naing's FB ;

ပက်ထရစ်ရှာက " It was very nice meeting you @sinonloresca And I hope you like my gifts .Thank you for coming to our beautiful country. Mahal kita!!! " ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ Sinon Loresca နဲ့ ပက်ထရစ်ရှာတို့နှစ်ယောက်ကတော့ အပြန်အလှန်ပွေ့ဖက်နှုတ်ဆက်ရင်း ချစ်ချစ်ခင်ခင်နဲ့ ဆုံတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ပက်ထရစ်ရှာနဲ့ နာမည်ကြီး ဖိလစ်ပိုင် Cat Walk King Sinon Loresca တို့ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Sue Sha Naing's FB ;

Photo Credit-Sue Sha Naing's FB ;
Photo Credit-Sue Sha Naing's FB ;
Photo Credit-Sue Sha Naing's FB ;
Photo Credit-Sue Sha Naing's FB ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။