ချစ်ပရိတ်သတ်တို့ရေ... ကိုယ့်သူငယ်ချင်းတွေထဲမှာ Relationshipရှိတဲ့ သူတွေနဲ့ Singleတွေကို အားလုံးမြင်ဖူးကြမှာပါနော်။ အချို့Rsတွေဟာ ကိုယ့်ရဲ့ Singleသူငယ်ချင်းတွေကို FA FAဆိုပြီး နှိမ်ချ ပြောဆိုနောက်ပြောင်တတ်တာကိုတွေ့ကြမှာပါနော်။ တကယ်ဆိုရင် Rsမရှိတာဟာ ဘယ်လောက်ပျော်ဖို့ကောင်းလဲဆိုတာကို singleတွေကကောင်းကောင်းသိပြီးသားပါ။ ဆိုတော့ ဒီလို Singleအဖြစ်ရပ်တည်နေထိုင်ခြင်းရဲ့ကောင်းကျိုးလေးတွေကို ဒီတစ်ခေါက်မှာမျှဝေပေးမှာပဲဖြစ်ပါတယ်နော်။

(၁) သူမတူတဲ့လွတ်လပ်ပေါ့ပါးမှု

စိတ်ကော လူကောလွတ်လပ်ပေါ့ပါးတာကိုဆိုလိုတာပါ။ စိတ်ညစ်စရာတွေ ဆိုတာကလည်း Rsတွေနဲ့ယှဉ်ရင် အနည်းအကျဉ်းသာရှိတဲ့ သာယာတဲ့ဘဝလေးပါပဲနော်။ အားနေရင် Rsတွေလိုခံစားပြီး မအိပ်နိုင်မစားနိုင်ဖြစ်ရတဲ့ ဝဋ်မျိုးကလည်းကင်းဝေးကာ ကိုယ်စိတ်နှလုံးချမ်းသာစွာနေရမှာပါ။ အပေါင်းအသင်းတွေနဲ့ အပြင်သွားချင်ရင် Rsတွေကို ဖုန်းဆက်ပြီးခွင့်တောင်းစရာလဲမလိုသလို အချိန်ရှိတိုင်းလည်း ပြဿနာအရှာမခံရတဲ့အတွက် လွတ်လပ်မှု ကတော့ရာနှုန်းပြည့်ရရှိထားမှာပဲဖြစ်ပါတယ်။

Photo source: Pngtree

(၂)အပိုငွေမကုန်တော့ဘူး။

မနက်မိုးလင်းတာနဲ့ Morning လို့ဖုန်းခေါ်ပြီး နှိုးလိုက်ရကတည်းက ဘေကစကုန်ပါပြီ။ ပြီးရင် အတူသွားအတူလာလုပ်ရင် နှစ်ယောက်စာလည်းပိုကုန်ပါသေးတယ်။ ဒါကဘာမှမဟုတ်ဘူးလို့ထင်ရပေမယ့် နှစ်နဲ့လနဲ့ ချီပြီးကြာသွားတဲ့ စုံတွဲတွေရဲ့ အသုံးစရိတ်ဟာ Singleတွေထက် ၆ဆ ၇ဆလောက်များနေတာကိုတွေ့ရပါတယ်နော်။ ဒီလိုကုန်ကျမှုမျိုးဟာ Singleဘဝမှာမရှိပါဘူး။ ကိုယ်စုတတ်ရင်စုတတ်သလောက် ပိုက်ဆံအဖက်တင်ပါတယ်။ ဘေထည့်ပြီးသွားရင်လည်း တန်းချေးပြီး Packageဝယ်ရတဲ့ ထဲမှာSingleတွေမပါပါဘူး။

Photo source: Pngtree

(၃) ကိုယ်ပိုင်အချိန်တွေအများကြီးရှိတယ်။

မိသားစုအတွက်လည်းအချိန်ပေးနိုင်သလို သူငယ်ချင်းတွေနဲ့ မိမိကိုယ်ကိုယ်အတွက်လည်းအချိန်ပိုပေးနိုင်ပါတယ်။ ကိုယ်ဝါသနာတာကိုလည်း ပိုပြီးလုပ်နိုင်တယ်။ ချစ်သူကိုအချိန်မပေးရတဲ့အတွက် ကိုယ့်အချိန်တွေကို ကိုယ်ပိုပြီးပိုင်တယ်။ တခါတလေ တစ်ယောက်တည်းပျင်းဖို့ကောင်းတယ်ဆိုရင်တောင်မှ အသိပညာဗဟုသုတတွေကိုရှာမှီးဖို့အချိန်တွေရှိတယ်။ Rsတွေထက် ခေါင်းတစ်လုံးသာအောင်ကြိုးစားနိုင်ပြီး အချိန်တိုတိုနဲ့ အောင်မြင်ဖို့အခွင့်အလမ်းတွေကပိုများပါတယ်။

ကဲ... Singleဘဝ ကပိုကောင်းတယ်မှတ်လား ချစ်ပရိတ်သတ်တို့ရေ....

Photo source: Pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။