(၁) အရာရာတိုင်း သူမဖြစ်နေချင်တယ်။

ဒါကတော့ မိန်းကလေးတိုင်းRelationshipတစ်ခုကနေ အလိုချင်ဆုံးအရာပါ။ မိဘတွေဆီက မရနိုင်တဲ့ ပုံစံတစ်မျိုးနဲ့ ဂရုစိုက်မှုတွေ ချစ်ခြင်းတရားတွေကို ကိုယ်ချစ်ရတဲ့သူဆီကနေလိုချင်ကြတယ်။ ကိုယ့်ချစ်သူရဲ့ ဦးစားပေးတာ အရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်ပေးတာ ချစ်ပေးတာမျိုးတွေ ပြီးတော့ သူမအပေါ်အာရုံစိုက်ပေးတာမျိုးတွေကို လိုချင်ကြပါတယ်။ ဖြစ်နိုင်ရင် ကိုယ့်ကောင်လေးတွေရဲ့ အရာရာတိုင်းဟာ သူမတို့ဖြစ်ချင်တယ်။ သူမတို့ရဲ့ အရာရာတိုင်းမှာလည်း ချစ်သူရဲ့ အငွေ့အသက်လေးတွေရှိနေစေချင်တာက မိန်းကလေးတွေရဲ့ ဆန္ဒပါပဲ။

(၂) နားလည်မှုနဲ့ ယုံကြည်မှု

ပျော်စရာကောင်းတဲ့ Relationship တစ်ခုဖြစ်လာဖို့လိုအပ်ချက်နှစ်ခုပါ။ ဒါကိုလည်း မိန်းကလေးတိုင်းလိုချင်ကြပါတယ်။ သူမတို့အပေါ် နားလည်ပေးနိုင်တဲ့သူ ယုံကြည်မှုအပြည့်အဝပေးထားတဲ့ သူမျိုးကိုပဲ လက်တွဲထားချင်ကြပါတယ်။ သံသယတွေအပြည့်နဲ့ ပြောဆိုဆက်ဆံမယ်ဆိုရင်တော့ သေချာပေါက် အဆုံးသတ်သွားမှာပဲဖြစ်ပါတယ်။ ပြီးတော့ နားလည်မှုဆိုတဲ့နေရာမှာ သူမတို့ရဲ့ စိတ်ခံစားချက်တွေကိုပါနားလည်ပေးဖို့လိုပါတယ်။ သူမတို့ရင်ဖွင့်သမျှကိုနားထောင်ပေးနိုင်ဖို့လိုပါတယ်။ သူမတို့ပြောသမျှတိုင်းကိုလိုက်ခံစားပြီး ပျော့တိပျော့ညံ့လည်းဖြစ်နေလို့မရပါဘူး။

Photo Source: Pngtree

(၃)ဦးဆောင်ဦးရွက်ပြုနိုင်တဲ့ အရည်အချင်းနဲ့လူ

ဒီအချက်ကအပေါ်က ပြောခဲ့တဲ့ အချက်နဲ့ တိုက်ရိုက်ပတ်သတ်ပါတယ်နော်။ မိန်းကလေးတွေဟာ နေရာတကာလိုက်ခံစားပြီး ပျော့တိပျော့ညံ့ဖြစ်နေတဲ့ လူထက် အရာရာကို ရှေ့ဆုံးကနေ ဦးဆောင်ဦးရွက်ပြုနိုင်တဲ့သူကို ပိုလိုချင်ကြပါတယ်။ သူမတို့အပေါ်ချစ်တာတော့ မှန်ပါရဲ့ ဒါပေမယ့် သူမတို့စိတ်ထဲရှိသမျှ ပြောသမျှကိုလိုက်ခံစားပြီး ကြိုးစားမှုမရှိဘူးဆိုရင် ဘယ်လောက်ချစ်ချစ်တည်မြဲဖို့ခက်ခဲပါတယ်နော်။ ပြီးတော့ မိန်းကလေးတွေဟာ အနာဂတ်အတွက်အစီအစဉ်တွေရှိတဲ့ယောက်ျား ဘဝအာမခံချက်ရှိတဲ့ အားကိုးချင်စရာယောက်ျားမျိုးကို ကိုယ့်ချစ်သူကိုဖြစ်နေချင်ကြပါတယ်နော်။

(၄) သူမတို့ကို ပိုင်ဆိုင်ချင်တဲ့စိတ်ရှိသူ

သူမအတွက် အရမ်းကြိုးစားပြီး ရေးဆွဲထားတဲ့ အနာဂတ်အစီအစဉ်တွေအတိုင်းစနစ်တကျလုပ်တတ်သူမျိုးကိုပဲ သူမတကယ်လိုအပ်တာပါနော်။ ချစ်တယ်ပြောပြီး ယောင်လည်လည်လုပ်နေတဲ့ ချစ်သူမျိုးထက် ဒီလိုကြိုးစားတတ်တဲ့ကောင်လေးမျိုးကို သူမတို့ဟာ အထင်လည်းကြီးပြီး လေးလည်းလေးစားတတ်ကြပါတယ်။

Photo Source: Pngtree

(၅) ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့အရည်အချင်း

ဒါကလည်း ကိုယ်ချစ်ရတဲ့ ချစ်သူကိုရှိစေချင်တာ မိန်းကလေးတွေရဲ့ ဆန္ဒပါ။ ဒါဟာသူမတို့အတွက်လုံးဝမဟုတ်ပါဘူး။ အခန့်မသင့်လို့ သူမတို့နဲ့ ပြတ်သွားခဲ့မယ်ဆိုရင်တောင် စိတ်ဓာတ်မကျဘဲ ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တဲ့သူမျိုးဖြစ်နေစေချင်တာပါ။ ကိုယ့်ချစ်သူအောင်မြင်သွားတာကိုပဲ မသက်ဆိုင်တော့ရင်တောင် ပြုံးပြုံးလေး ရပ်ကြည့်ချင်ကြတာပါ။

ကဲ... ဆိုတော့ Relationshipတစ်ခုကနေပြီးတော့ မိန်းကလေးတွေအလိုချင်ဆုံးအရာလေးတွေကိုမျှဝေပေးလိုက်ပါတယ်နော်။ ချစ်လို့သာ ဘဝကိုပုံပေးရင်ပေးလိုက်နိုင်ပေမယ့် ကိုယ့်ချစ်သူဆီကနေ ပြန်လိုချင်တာဟာ အရောင်တွေပါတဲ့အချစ်မျိုးတွေလုံးဝမဟုတ်ပါဘူးနော်။ အဓိကကတော့ သူမတို့ဟာ ယောက်ျားကောင်းတစ်ယောက်ကို သာအလိုရှိကြတာပါလို့ ဆိုလိုက်ပါရစေနော်။

Photo Source: Pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။