မော်ဒယ်၊ သရုပ်ဆောင် မင်းသားချောလေး ပိုင်တံခွန်ကတော့ မိန်းကလေးပရိသတ်တွေရဲ့အထူးတလည် အားပေးဝန်းရံမှုကို ရရှိထားတဲ့ ကိုလူချောလေးတစ်ယောက် ဖြစ်ပါတယ်။ အရပ်ရှည်ပြီး ရုပ်ရည်ချောမောခန့်ညားတဲ့ ပိုင်တံခွန်က Six Packs တွေနဲ့ အမိုက်စားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

Photo Credit- Paing Takhon's FB;
Photo Credit- Paing Takhon's FB;

အခုဆိုရင် ပိုင်တံခွန်က မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံက ပရိသတ်တွေကြားမှာ အောင်မြင်မှုရရှိနေပြီး လူကြိုက်များရေပန်းစားနေတာ ဖြစ်ပါတယ်။ အလုပ်တွေနဲ့မအားမလပ်ဖြစ်နေတဲ့ ပိုင်တံခွန်က အခုတော့ မော်ဒိုက်ကို ခရီးထွက်နေကြောင်း သူရဲ့My Story မှာတင်ထားတာ တွေ့ရပါတယ်။ ဒီခရီးစဉ်လေးမှာတော့ ပိုင်တံခွန်က အောင်မင်းခန့်၊ ကျော်ထက်ဇော်၊ ပိုင်ဖြိုးသုတို့ဇနီးမောင်နှံနဲ့အတူ ခရီးထွက်လာတာပဲ ဖြစ်ပါတယ်။

Photo Credit- Paing Takhon's FB;
Photo Credit- Paing Takhon's FB;
Photo Credit- Paing Takhon's FB;

ဒီနေ့မနက်ပိုင်းမှာ မြန်မာနိုင်ငံကနေ စတင်ထွက်ခွာခဲ့တဲ့ ပိုင်တံခွန်တို့အဖွဲ့က အခုတော့ မော်ဒိုက်ကမ်းခြေကို ရောက်ရှိနေကြပြီပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်တို့အနုပညာရှင်တစ်စုက မော်ဒိုက်မှာ မော်တော်ဘုတ်စီးရင်း ပျော်ပျော်ပါးပါး အပန်းဖြေအနားယူကာ လျှောက်လည်နေကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မော်ဒိုက်ရောက် ပိုင်တံခွန်တို့အနုပညာရှင်တစ်စုရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Video Credit- Paing Takhon's FB;

Photo Credit- Paing Takhon's FB;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။