မြန်မာ့လက်ဝှေ့လောကမှာ ချန်ပီယံဘွဲ့နဲ့အတူ အောင်မြင်မှုများစွာရရှိထားတဲ့ လက်ရှိချန်ပီယံ ဒေဝရဲ့ မြန်မာလူမျိုးတွေအပေါ် ခင်မင်မှုကိုအားလုံးလည်း သိပြီးဖြစ်မယ်ထင်ပါတယ်။ ချန်ပီယံခါးပတ်ကို ပိုင်ဆိုင်ထားတဲ့ တလျောက်ပြည်တွင်း ဒေသများစွာကို သွားရောက်ခြင်း မိဘမဲ့ကလေးငယ်တွေကို ကူညီစောင့်ရှောက်ခြင်းနဲ့အတူ မြန်မာ့ရိုးရာဓလေ့တွေကိုလည်း ချစ်မြတ်နိုးသူတစ်ယောက်လည်းဖြစ်ကြောင်း သိရပါတယ်။ 

pHOTOS CREDIT - DAVE LEDUC 'S FB ACCOUNT
pHOTOS CREDIT - DAVE LEDUC 'S FB ACCOUNT
pHOTOS CREDIT - DAVE LEDUC 'S FB ACCOUNT

ဒေဝကတော့ သူ့ရဲ့ လက်ဝှေ့ထိုးပွဲမှရရှိတဲ့ ငွေကြေးအချို့ကို မိဘမဲ့ကျောင်းတွေကို သွားရောက်လှူဒါန်းတက်သူတစ်ယောက်ဖြစ်ကြောင်း ဖေ့စ်ဘွက်စာမျက်နှာပေါ်ကတဆင့်ပြသတက်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီကနေ့ မှာလည်းဒေဝကတော့ သူ့ရဲ့ ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် ပြုလုပ်ခဲ့တဲ့ အလှူနဲ့ပတ်သက်ပြီး ပြောပြထားတာတွေ့ရပါတယ်။  

pHOTOS CREDIT - DAVE LEDUC 'S FB ACCOUNT
pHOTOS CREDIT - DAVE LEDUC 'S FB ACCOUNT
pHOTOS CREDIT - DAVE LEDUC 'S FB ACCOUNT

အဆိုပါ စာသားလေးကတော့ " အရမ်းနေမကောင်းဖြစ်နေတဲ့ ကလေးလေးတစ်ယောက်ကိုဆေးကုသစရိတ်တွေကူညီဖို့ ကျွန်တော်နဲ့ကျွန်တော့်အမျိုးသမီးဆုံးဖြတ်ခဲ့ပါတယ်။အဲဒီသားလေးဟာ နှလုံး၊အသည်းနဲ့ကျောက်ကပ်ခွဲစိပ်မှုတွေစင်္ကာပူမှာလုပ်ခဲ့ရပါတယ်။ခွဲစိပ်မှုတွေအောင်မြင်ပြီး သူကျန်းမာပျော်ရွှင်သွားတော့ အတိုင်းမသိဝမ်းသာရပါတယ်။ဘဝမှာကျွန်တော်တို့တစ်ခါပဲရှင်သန်ရတာပါ။ကိုယ့်ပတ်ဝန်းကျင်နဲ့ကိုယ့်အနားကလူတွေအကျိုးကို အတတ်နိုင်ဆုံးသယ်ပိုးကြပါခင်ဗျာ။" ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။ လေးစားစရာကောင်းတဲ့ ဒေဝရဲ့ ဒီကနေ့ အလှူလေးကို ချစ်ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

pHOTOS CREDIT - DAVE LEDUC 'S FB ACCOUNT 

pHOTOS CREDIT - DAVE LEDUC 'S FB ACCOUNT
pHOTOS CREDIT - DAVE LEDUC 'S FB ACCOUNT
pHOTOS CREDIT - DAVE LEDUC 'S FB ACCOUNT

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။