အဆိုတော်၊ သရုပ်ဆောင် မင်းသမီးချောလေး စန္ဒီမြင့်လွင်ကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ကျော်ကြားအောင်မြင်နေတဲ့ ပရိသတ်အချစ်တော်တစ်ဦး ဖြစ်ပါတယ်။ စိုးညီအစ်မတွေထဲက တစ်ယောက်ဖြစ်တဲ့ စန္ဒီမြင့်လွင်က ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေအများဆုံးရိုက်ကူးခဲ့ပြီး တစ်ကိုယ်တော်သီချင်းခွေတွေလည်း ထွက်ရှိအောင်မြင်ခဲ့ပါတယ်။

Photo Credit:Dee Dee's Facebook;
Photo Credit:Dee Dee's Facebook;
Photo Credit:Dee Dee's Facebook;

လက်ရှိမှာတော့ စန္ဒီမြင့်လွင်က အိမ်ထောင်ကျပြီး သမီးဦးလေးတစ်ယောက်ကို မကြာသေးခင်ကမှပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စန္ဒီမြင့်လွင်က သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ မိခင်ဖြစ်သူကို ဆေးထိုးစနောက်လိုက်တာ တွေ့ရပါတယ်။ စန္ဒီမြင့်လွင်က မိခင်ဖြစ်သူနဲ့ Chat Box မှာ အပြန်အလှန်ပြောထားတဲ့ စာလေးတွေကို Screenshot ရိုက်ပြီး တင်ထားတာ ဖြစ်ပါတယ်။

Photo Credit:Dee Dee's Facebook;
Photo Credit:Dee Dee's Facebook;
Photo Credit:Dee Dee's Facebook;

စန္ဒီမြင့်လွင်က မင်းသားပိုင်တံခွန်ကို အားပေးတဲ့ ချစ်မေကြီး ဒေါ်သီတာခင်ကို အမှန်အကယ်ဆေးအကြီးကြီးထိုးပြီး ကျီစယ်လိုက်တာပဲ ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်က "အမေ့ယောက်ျားအတွက်ရော" လို့မေးလိုက်တာကို မိခင်ဖြစ်သူက "သိဘူးပိုင်တံခွန်က ဘန်ကောက်မှာ" လို့ဖြေလိုက်တာကြောင့် ဆေးထိုးလိုက်တာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စန္ဒီမြင့်လွင်တို့သားအမိနှစ်ယောက် အပြန်အလှန်ပြောထားတဲ့ Screenshot လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source:Dee Dee's Facebook;

Photo Credit:Paing Takhon's Facebook;
Photo Credit:Dee Dee's Facebook;
Photo Credit:Dee Dee's Facebook;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။