ပရိသတ်တွေ အားလုံး ငယ်ရွယ်စဉ်အခါက P2 Game ဆိုင်သွားပြီး ၁နာရီ ၂၀၀ပေးဆော့ခဲ့ရတဲ့ Guan Yu Game လေးကို မှတ်မိကြအုန်းမယ်လို့ထင်ပါတယ်။ ဒီ Game ရဲ့နာမည်ကတော့ Dynasty Warriors ပဲဖြစ်ပါတယ်။ ပရိသတ်တို့ဆော့ခဲ့စဉ်အခါတုန်းက Dynasty Warriors 5 နဲ့ Dynasty Warriors 6 တို့ပဲထွက်ရှိနေတုန်းဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ရှေ့မှာလဲ Dynasty Warriors 1/2/3 နဲ့ 4 ဆိုပြီးထွက်ရှိခဲ့ပါသေးတယ်။ ခုချိန်မှာတော့ ဒီ Game ဟာ 9 ထိထွက်ရှိထားပြီးပြီဖြစ်ပါတယ်။ 

Photo Credit : Screenshot From Dynasty Warrior 8
Photo Credit : Screenshot From Dynasty Warrior 8

Game တစ်ခါထွက်တိုင်း Hero တွေဟာ များသထက်များလာပြီး ကောင်းတထက်ကောင်းလာကာ လက်နက်တွေလဲ များသထက်များလာပါတယ်။ ဆော့ကစားနိုင်တဲ့ Game Platform တွေကတော့ PlayStation 3, PlayStation 4 , PlayStation Vita, Nintendo Switch, Xbox 360 , Xbox One နဲ့ Microsoft Windows တို့ပေါ်မှာ ဆော့ကစားနိုင်ပါတယ်။ Hack and slash, Action Game အမျိုးအစားဖြစ်ပြီး တစ်ယောက် ဒါမှမဟုတ် ၂ယောက်ဆော့လို့ရပါတယ်။ 

Photo Credit : Screenshot From Dynasty Warrior 8
Photo Credit : Screenshot From Dynasty Warrior 8

ဒီထဲမှာဆိုရင်တော့ တရုတ်သမိုင်းထဲမှာရှိခဲ့သော ပြည်နယ်လေးခုဖြစ်တဲ့ Wei, Wu, Shu နဲ့ Jin ပြည်နယ်တွေ ပါဝင်ပါတယ်။ အဲ့အပြင် တခြားသော ပြည်နယ်မဟုတ်တဲ့ ဟာတွေလဲ ပါဝင်ပါသေးတယ်။ တရုတ်နိုင်ငံမှာ တိုင်းပြည်တွေ အချင်းချင်း စစ်ဖြစ်နေကြတဲ့ အခိုက်မှာ ကိုယ်ကိုတိုင်လဲ ပါဝင်ဆင်နွဲဆော့ရတာမို့ သင်အနေနဲ့ တရုတ်ပြည် သမိုင်းကို တော်တော်များများလေး သိစေမှာဖြစ်ပါတယ်။ Lu Bu တို့ Zilong တို့ စသဖြင့် အဲ့အချိန်အဲ့အခါမှာ ရှိခဲ့ကြတဲ့ သမိုင်းဝင်သူတွေ များစွာပါဝင်ပါတယ်။ စုစုပေါင်း Hero ၈၃ ကောင်ပါဝင်တာမို့ ကြိုက်တဲ့ပြည့်နယ်က ကြိုက်တဲ့ Hero ကိုယူဆော့နိုင်ပါတယ်။ 

Photo Credit : Screenshot From Dynasty Warrior 8

တစ်ကောင်နဲ့တစ်ကောင် အစွမ်းတွေလဲမတူတာမို့ သင့်ကို ဆော့ရတာမပျင်းစေပါဘူး။ Mode အမျိုးမျိုးရှိကာ အာ့တွေကတော့ Story mode, free mode, Ambition Mode နဲ့ Challenge Mode စသဖြင့်အမျိုးမျိုးရှိပါတယ်။ လက်နက်တွေလဲ အဆန်းတွေ ပါတာမို့ သင့်ကိုအရသာကောင်းကောင်း ပေးနိုင်မှာပါ။ ဒီ Game ကိုဆော့ပြီး ဘယ်ကောင်က ဘယ်လိုဆိုတာကို သင်သိရှိစေမှာဖြစ်ပြီး အပေါ်မှာ ပြောပြခဲ့သလိုပဲ တရုတ်နိုင်ငံရဲ့ သမိုင်းကြောင်းကို ကောင်းကောင်းသိစေမှာပါ။ ဘာပဲဖြစ်ဖြစ် ဒီ Game ကိုဆော့ရတာ သင့်အတွက် စိတ်ကျေနပ်စေမှာပါ။ 

Photo Credit : Screenshot From Dynasty Warrior 8
Photo Credit : Screenshot From Dynasty Warrior 8

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။