Lesley ဆိုတဲ့ မျက်လုံးတစ်ဖက်မမြင်ရတဲ့ Sniper မလေးဟာ လူတော်တော်များများရဲ့ အသည်းကျော် Marksman လေးပါ။ MM ထဲမှာ သူအကြမ်းဆုံးလို့တော့ မပြောပါဘူး..Hero တိုင်းက ကိုင်တက်ရင် ကြမ်းနေတာပါပဲ။ သူမရဲ့ Item ပြည့်တဲ့အခါ တစ်ချက်ချက်ပစ်ချက်တွေက တော်တော်လေးကို အနှစ်ကျကျ ထိစေပါတယ်။ MM အချင်းချင်းဆို သုံးလေးချက်ပါပဲ။ Mage တွေကိုလဲ အဲ့လိုပါပဲ...သူမရဲ့ စကေးတွေကလဲ ရိုးရှင်းလေးမို့ ကိုင်ရတာ အခတ်အခဲမရှိပါဘူး။ 

Photo Credit: Screenshot From Mobile Legends : Bang Bang Game

သူမရဲ့ Skill 1 ကတော့ ၃စက္ကန့်ကြာအောင် အယောင်ဖျောက်လိုက်ပြီး Physical Attack က Level အလိုက်မြင့်လာမှာဖြစ်ပြီး ရွှေ့လျားနှုန်းကို ၃၀ရာခိုင်နှုန်း မြင့်လာပါတယ်။ အဲ့လို့ပျောက်နေတဲ့ချိန်မှာ ရန်သူကို ပစ်လိုက်တာဖြစ်ဖြစ် ရန်သူ Damage ထိလိုက်တာဖြစ်ဖြစ် ပြန်ပေါ်လာမှာဖြစ်ပါတယ်။ Skill 2 ကတော့ အရှေ့ကို လက်ပစ်ဗုံး ပစ်လိုက်ကာ Lesley ကလဲ ခုန်သွားပြီး ဗုံးထိတဲ့သူကလဲ အနောက်ကို ကန်ထွက်သွားကာ Damage ထိစေပါတယ်။ Ultimate ကတော့ ရန်သူတစ်ယောက်ကို ချိန်းလိုက်ပြီး သေစေနိုင်လောက်တဲ့ ကျည်း၄တောင့် ထွက်သွားပါလိမ့်မယ် Damage ကတော့ တော်တော်ကြမ်းပါတယ်။ အပစ်ခံရတဲ့သူအရှေ့ကနေတော့ သူရဲ့ကျည်းတွေကို ခံပေးလို့ရပါတယ်။  

Photo Credit: Screenshot From Mobile Legends : Bang Bang Game
Photo Credit: Screenshot From Mobile Legends : Bang Bang Game

သူမရဲ့ Passive ကတော့ ရန်သူကို ၅စက္ကန့်ကြာအောင် မပစ်ပဲနေပါကာ ပစ်ကွင်းကကျယ်လာမှာဖြစ်ပြီး ပစ်လိုက်တဲ့ချိန်မှာ Damage လဲတော်တော်လေး ထိစေပါတယ်။ သူမရဲ့ Emblem ကတော့ Assassins နဲ့ဆို ပိုပစ်လို့ကောင်းပါတယ်။ Damage တော်တော်များတဲ့ Hero တစ်ယောက်ဖြစ်တာမို့ သူမရဲ့ Item ကို အမြန်နှုန်းထက် ပစ်ချက်ပို Damage ထိအောင် ဆက်ပါတယ်။ ပရိသတ်ကြီးကတော့ ဘယ်လို့ဆော့လဲ မသိပေမဲ့ Admin ကတော့ ခုဖော်ပြသွားတဲ့ Item အတိုင်းဆော့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ Lesley ကတော့ အသင်းအတွက် Carry ပါပဲ။ Battle ထဲဝင်ရင်တော့ Tank မရှိလို့စိတ်မပူပါနဲ့...နေရာကိုအကောင်းဆုံးယူပြီး ပစ်နိုင်ဖို့ပဲလိုပါတယ်။ 

Photo Credit: Screenshot From Mobile Legends : Bang Bang Game

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။