ပရိသတ်ကြီးကို ဒီတစ်ပါတ်တင်ဆက်ပေးမယ့် အကြောင်းအရာလေးက အားလုံးအတွက် အကျိုးရှိစေမှာပဲဖြစ်ပါတယ်...။ ကျွန်ုပ်တို့ အနာဂတ်ဘဝ တိုးတက်အောင်မြင်ဖို့အတွက် အနှောက်အယှက်၊ အတားအဆီးတွေလို ဖျက်လိုဖျက်စီးလုပ်နေကြတဲ့ ကျွနု်ပ်တို့ရဲ့ မကောင်းတဲ့ အမူအကျင့်တွေ အကြောင်းပဲဖြစ်ပါတယ်....။ စာဖတ်ပရိသတ်ကြီး လွယ်ကူလျင်မြန်စွာအောင်မြင်မှုတွေ ရရှိရန်နှင့် ထိုမကောင်းတဲ့အကျင့်တွေကို သိရှိပြင်ဆင်နိုင်ဖို့အတွက် အချက်အလက်နဲ့အတူ ပုံရိပ်တွေနဲ့တကွ တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်...။

Photo Credit pngtree

"ကိုယ်ကျရှုံးတဲ့အခါမှာ ဘေးနားကလူတွေကို လွှဲချအပြစ်တင်တတ်တယ်"ဆိုတာက ကျရှုံးမှုကနေ လုံးဝရုန်းမထွက်နိုင်တော့တဲ့ မကောင်းသော အကျင့်ဆိုးကြီးတစ်ခုဖြစ်ပါတယ်...။ ထိုအကျင့်ဆိုးကြီးက သင်ကော၊ သင့်ပတ်ဝန်းကျင်ကိုကော ကောင်းကျိုးမပေးတာမလို့ လုံးဝပြင်ရမှာဖြစ်ပါတယ်...။ ဒါ့အပြင် "မိမိကိုယ်ကို တစ်ပါးသူနဲ့ နှိုင်းယှဉ်တတ်တဲ့" အကျင့်ကိုလည်း ပြင်ရမှာဖြစ်ပြီး "အခြားသူအစား မိမိကိုယ်ကို နှိုင်းယှဉ်" ရမှာဖြစ်ပါတယ်...။ ဥပမာပြောရမယ်ဆိုရင်- ပြီးခဲ့တဲ့ နှစ်တွေ၊ လတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေက အခုလက်ရှိနဲ့ ယှဉ်ကြည့်တဲ့အခါ ဘယ်လောက် တိုးတက်ပြောင်းလဲသွားလဲဆိုတာ မိမိကိုယ်ကို အမြဲဆန်းစစ်ကြည့်နေရမှာဖြစ်ပါတယ်...။

Photo Credit pngtree

မိမိရဲ့ ရည်မှန်းချက်ပန်းတိုင်သို့ နှောင့်နှေးစေတဲ့ "အချိန်ဆွဲခြင်း၊ အီးရောအီးရောလုပ်ခြင်း" တို့ကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ရမှာဖြစ်ပါတယ်...။ လုပ်ရမယ့် ကိစ္စတစ်ခုကို ပျင်းရိနေပြီး ချက်ချင်းမပြုလုပ်ပဲ ထားထားတတ်တဲ့ အကျင့်က သင့်ကိုအရှုံးသမားအဖြစ် ရှိနေစေမယ့် အကြောင်းအရင်းတစ်ခုပဲဖြစ်ပါတယ်..။ ကိုယ့်ထက်သာတဲ့သူကို မနာလို၊ အဘိဇ္ဓျာပွားတယ်ဆိုတာက အကျင့်ဆိုးတစ်ခုဖြစ်ပြီး "မုဒိတာ"ဆိုတဲ့ ကောင်းသောအကျင့်ကို မိမိစိတ်တွင်ပွားတတ်ဖို့ တစ်ကယ်ပင် အရေးကြီးလှပါတယ်..။ တစ်ပါးသူရဲ့ ထင်မြင်ချက်တွေကို ငြင်းပယ်ပြောဆိုတတ်တဲ့ အကျင့်ကိုပြင်ရမှာဖြစ်ပြီး၊ မိမိ ပတ်ဝန်းကျင်နဲ့ သဟဇတဖြစ်အောင် ပြောဆိုဆက်ဆံတတ်တဲ့ အမူအကျင့်ကောင်းရှိဖို့ကလည်း တစ်ကယ်ပင် လိုအပ်တာဖြစ်ပါတယ်...။

Photo Credit pngtree 

Photo Credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။