တေးသီချင်းများစွာကို ကိုယ်တိုင်ရေးပြီး သီဆိုနိုင်တဲ့ ပြည်တွင် အဆိုတော်မလေးတွေထဲမှာ အိမ့်ချစ်ကိုတော့ အားလုံးလည်း သိပြီးဖြစ်မယ်ထင်ပါတယ်။ ပြည်ပပြိုင်ပွဲများစွာကိုလည်း သွားရောက်ယှဉ်ပြိုင်ဖူးသူတစ်ယောက်ဖြစ်ပြီး ဆုတံဆိပ်တွေနဲ့အတူ နိုင်ငံဂုဏ်ဆောင်နိုင်ဖူးသူတစ်ယောက်လည်းဖြစ်ပါတယ်။ လက်ရှိ အိမ့်ချစ်ကတော့ ကမ္ဘာ့နာမည်ကြီး မော်ဒိုက်ခရီးစဉ်လေးကို သွားရောက်နေကြောင်း သိရပါတယ်။  

pHOTOS CREDIT - EINT CHIT'S FB ACCOUNT
pHOTOS CREDIT - EINT CHIT'S FB ACCOUNT

အဆိုပါ ခရီးစဉ်နဲ့ပတ်သက်ပြီး အိမ့်ချစ်ကတော့ သူမရဲ့ဖေ့စ်ဘွက်စာမျက်နှာပေါ် အမှတ်တရဓာတ်ပုံများစွာကို ပြသထားတာတွေ့ရပါတယ်။ မကြာသေးမီကလည်း အိမ့်ချစ်ကတော့ မော်ဒိုက်အလှနဲ့အတူ ရိုက်ကူးထားတဲ့ပုံရိပ်လေးတွေကို ပြသခဲ့တာတွေ့ရပါတယ်။ အဆိုပါ ပုံရိပ်လေးတွေနဲ့အတူ အိမ့်ချစ်ကတော့ " ချောကလက်ဆိုတဲ့နာမည်လေးကို ထိန်းသိမ်းတဲ့အနေနဲ့ နေပူလေးတော့ ခံပေးမှလေလို့" ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။  

pHOTOS CREDIT - EINT CHIT'S FB ACCOUNT
pHOTOS CREDIT - EINT CHIT'S FB ACCOUNT

ဖျော်ဖြေရေးခရီးစဉ်တွေနဲ့အတူ ပြည်တွင်း ပြည်ပနေရာများစွာကိုရောက်ရှိနေတဲ့ အိမ့်ချစ်ရဲ့ ပုံရိပ်လေးတွေကတော့ ပရိသတ်တွေကြားမှာ မကြာခဏတွေ့မြင်နေကြမှာပဲဖြစ်ပါတယ်။ ဒီကနေ့ အိမ့်ချစ်ရဲ့ မော်ဒိုက်ခရီးစဉ်ရောက် ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOTOS CREDIT - EINT CHIT'S FB ACCOUNT

pHOTOS CREDIT - EINT CHIT'S FB ACCOUNT
pHOTOS CREDIT - EINT CHIT'S FB ACCOUNT

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။