စုံတွဲတွေ relationship တစ်ခုတည်ဆောက်တဲ့အခါမှာ social networkနဲ့ ပတ်သက်ပြီး ပြဿနာတစ်ချို့ရှိလာပါတယ်...။ ဒါကတော့ ချစ်သူ၊ ရည်းစား တစ်ဦးနဲ့ တစ်ဦး facebook password တောင်းတဲ့ကိစ္စပဲဖြစ်ပါတယ်...။ တစ်ယောက်အပေါ် တစ်ယောက် ယုံကြည်မှုအပြည့်အဝရှိမယ်ဆိုရင်တော့ ဖြေရှင်းဖို့လွယ်ကူတဲ့ အရာလေးပဲဖြစ်ပါတယ်...။

Photo Credit pngtree

facebook password တောင်းတဲ့အခါမှာ အချို့စုံတွဲက အပြန်အလှန်ပေးလေ့ရှိသလို၊ တစ်ချို့စုံတွဲကျတော့ ကိုယ်ကမပေးချင်ဘဲ လိုချင်တာမျိုးလည်းရှိပါတယ်...။ ဘယ်လိုပဲဖြစ်ဖြစ် privacy ဆိုတာလူတိုင်းမှာ ရှိသင့်တဲ့အရာတစ်ခုပါ...။ admin အနေနဲ့ ပြောချင်တာက ချစ်သူစုံတွဲတွေ password ပေးတာပဲဖြစ်ဖြစ်၊ မပေးတာပဲဖြစ်ဖြစ် တစ်ခုသိထားရမှာက ကိုယ့်ရဲ့ privacy ကိုတန်ဖိုးထားတတ်ဖို့တော့လိုပါတယ်...။ ချစ်သူမိန်းကလေးက ကိုယ့်ကောင်လေး acc ထဲ ဝင်စစ်ကြည့်တဲ့အခါမှာ ယောက်ျားလေး သူငယ်ချင်းအချင်းချင်း ကျန်းမာရေးကိစ္စသော်လည်းကောင်း၊ လူမှုရေးကိစ္စသော်လည်းကောင်း ရင်ဖွင့်ပြောဆိုထားတာတွေက မြင်သင့်မြင်ထိုက်တာရှိသလို မမြင်အပ်တာတွေလည်းရှိကောင်းရှိနိုင်ပါတယ်..။ မိန်းကလေး သူငယ်ချင်းအချင်းချင်းမှာလည်း ထိုကဲ့သို့ ပြောဆိုတိုင်ပင်ဖူးတာတွေ ရှိပါလိမ့်မယ်...။

Photo Credit pngtree
Photo Credit pngtree

ချစ်သူစုံတွဲတွေ ယုံကြည်နားလည်မှု အပြည့်အဝရှိတယ်ဆိုရင် facebook၊ Instagram အစရှိတဲ့ social network တွေရဲ့ ရိုက်ခတ်မှုဒဏ်တွေက မပြောပရုံလောက်ပဲရှိမှာပါ...။ မိမိရဲ့ချစ်သူ(ယောက်ျား၊မိန်းကလေး) က မိမိကို facebook password ပေးထားသော်လည်း အခြား social network တစ်ခုခုမှာ နောက်တစ်ယောက်နဲ့ ကိုယ်မသိအောင် ဖောက်ပြန်နေတာမျိုးဆိုရင် ဘာမှတတ်နိုင်မှာမဟုတ်ပါဖူး..။ မိန်းကလေးနဲ့ ယောက်ျား relation-ship တစ်ခုတည်ဆောက်ရမှာ တစ်ကယ်ချစ်မြတ်နိုးတယ်ဆိုရင် fb password ပေးတာ၊ မပေးတာကို ရေးကြီးခွင်ကျယ်လုပ်နေစရာမလိုတော့ပါဖူးနော်...။ ချစ်သူ၊စုံတွဲ တစ်ဦးနဲ့ တစ်ဦး မိမိprivacy ကိုလုံခြုံစွာ ထိန်းသိမ်းရင်းနဲ့ ယုံကြည်စွာ လက်တွဲသွားနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်....။

Photo Credit pngtree 

Photo Credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။