ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီမယ်လိုဒီကတော့ တစ်ခေတ်တစ်ခါမှာနာမည်ဆန်းဆန်းလေးနဲ့ ပရိသတ်တွေကြားမှာအရမ်းရေပန်းစားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။မယ်လိုဒီက သရုပ်ဆောင်တာလည်းကောင်းတဲ့အပြင် သီချင်းဆိုရင်လည်း သူမရဲ့အသံချိုချိုလေးက အရမ်းနားဝင်ချိုလှပါတယ်နော်။မယ်လိုဒီကတော့ "ထာဝရအလင်းတန်း"ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကိုရရှိခဲ့တဲ့ မင်းသမီးဖြစ်ပါတယ်။

Photo Credit:Melody Myo's Facebook
Photo Credit:Melody Myo's Facebook
Photo Credit:Melody Myo's Facebook

အခုချိန်မှာဆိုရင် မယ်လိုဒီက သားလေးတစ်ယောက်ကိုမွေးဖွားထားပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားတာကြောင့် အနုပညာအလုပ်တွေနဲ့ နည်းနည်းအလှမ်းဝေးကွာနေပြီး ကြော်ငြာတွေပဲရိုက်ကူးနေတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ အနုပညာအလုပ်တွေနဲ့ဝေးကွာနေတဲ့မယ်လိုဒီကို ယနေ့အချိန်ထိတစိုက်မက်မက်အားပေးပြီး ချစ်နေကြဆဲပဲဖြစ်ပါတယ်နော်။

Photo Credit:Melody Myo's Facebook
Photo Credit:Melody Myo's Facebook
Photo Credit:Melody Myo's Facebook

ဒီနေ့လေးဟာဆိုရင် မယ်လိုဒီရဲ့ အသက် ၃၇နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။မွေးနေ့အကြိုအဖြစ် ချစ်ခင်ပွန်းက အရသာရှိမယ့်မွေးနေ့ကိတ်လေးနဲ့Suprise လုပ်ခဲ့လို့ အရမ်းပျော်ရွှင်ခဲ့ရကာ မယ်လိုဒီကတော့ ၃၇နှစ်မွေးနေ့လေးက ပိုပြီး အဓိပ္ပါယ်ရှိတယ်လို့ပြောထားပါတယ်နော်။မိတ်ဆွေတွေနဲ့ပရိသတ်တွေကလည်း ဆုတောင်းစကားလေးတွေပြောထားကြလို့ မယ်လိုဒီရဲ့၃၇နှစ်ပြည့်မွေးနေ့မှစပြီး စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားနိုင်ပါစေနော်။

Photo Credit:Melody Myo's Facebook
Photo Credit:Melody Myo's Facebook
Photo Credit:Melody Myo's Facebook

Photo Credit:Melody Myo's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။