သရုပ်ဆောင် မင်းသားချော အောင်ရေချမ်းကတော့ ယောက်ျားပီသပြီး တည်ကြည်ခန့်ညားတဲ့ ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားတဲ့ မင်းသားတစ်လက် ဖြစ်ပါတယ်။ MRTV-4 ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်ခဲ့တဲ့ အောင်ရေချမ်းက "ရသမော်ကွန်း အလင်္ကာ၊ ပျားရည်အိုင်၊ ကျွန်မကမဟေသီ" စတဲ့ဇာတ်လမ်းတွဲလေးတွေကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Aung Yay Chan's FB;
Photo Credit-Aung Yay Chan's FB;

လက်ရှိမှာတော့ အောင်ရေချမ်းက ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသား ခန့်စည်သူ၊ မင်းသမီး ခိုင်သင်းကြည်တို့နဲ့အတူ "ဆူးပန်းခွေ သွယ်ဘယက်နှင့် ပေရွက်လိပ် နားတောင်းဆင်" ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ အခုလည်း အောင်ရေချမ်း ခရီးသွားရင်း ကားပေါ်မှာ အပျော်တမ်းဆော့ကစားထားတဲ့ Tik Tok ဗီဒီယိုလေးကို မျှဝေထားပါတယ်။

Photo Credit-Aung Yay Chan's FB;
Photo Credit-Aung Yay Chan's FB;

အောင်ရေချမ်းက " ခရီးသွားရင်းပျော်ဆော့ကြ မန္တလေးမှာတွေ့ကြမယ်" ဆိုပြီး သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး စနောက်ဆော့ကစားထားတဲ့ Tik Tok ဗီဒီယိုလေးကို မျှဝေလိုက်တာ ဖြစ်ပါတယ်။ အောင်ရေချမ်းတို့သူငယ်ချင်းတစ်စုက အရက်ပုလင်းလေးတွေကိုင်ပြီး အခွီပုံစံလုပ်ပြခဲ့ကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အောင်ရေချမ်းတို့သူငယ်ချင်းတစ်စုရဲ့ အခွီတလိုင်း Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Aung Yay Chan's FB; 

Photo Credit-Aung Yay Chan's FB;
Photo Credit-Aung Yay Chan's FB;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။