ခေးဆက်သွင်ကတော့ MRTV 4မင်းသမီးချောလေးဖြစ်သလို ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိနေပြီး ပရိသတ်တွေကြားမှာနေရာတစ်ခုရယူထားနိုင်တဲ့ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ခေးဆက်သွင်ကတော့ သူမလို ပေါင်၁၈ပေါင်အထိ ကျနိုင်တဲ့ နည်းလမ်းကောင်းလေးကို ဝိတ်ချချင်သူတွေအတွက် ပြောပြလာခဲ့ပါတယ်။

photo credit : Khay Sett Thwin's Facebook Account
photo credit : Khay Sett Thwin's Facebook Account

သူမကတော့ " မတ်မတ်လို ၁၈ပေါင်ထိ ကျချင်တယ်ဆိုရင်ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းပုံမှန် လုပ်ပါ..မလုပ်နိုင်ရင် clubသွားပြီး ကပါဆီကြော်တွေနဲ့ အသင့်အစားအစာတွေရှောင်ပါ...ငတ်လွန်းအားကြီးရင်တော့လည်း ပိစိလေး စားပါအသားနဲ့အရွက်များများစားပါ..ထမင်းတွေ ခေါက်ဆွဲတွေပေါင်မုန့်ကိတ်မုန့်တွေနဲ့ အဝေးဆုံးမှာနေပါရေကို အချစ်လို အမြဲဆာလောင်နေပါစေ " ဆိုပြီး ပြောထားခဲ့ပါတယ်။  

photo credit : Khay Sett Thwin's Facebook Account
photo credit : Khay Sett Thwin's Facebook Account

သူမကတော့ " စားချိန်ကို ကျောင်းတက်တုန်းကလိုပဲပုံမှန်ရှိပါစေအရက် ဘီယာ ဆေးလိပ် ရှိရှားဘညာစမာကလာ လျှော့ပါအင်္ကျီတွေကို အကြပ်တွေပဲဝတ်ပါဒါမှ ကိုယ့်ဗိုက်ခေါက် ကိုယ်မြင်ပြီးနှလုံးရပ်မတက် ခံစားသွားရမှာပါ...ဒီတော့မှ ဝိတ်ချခြင်း စတင်မှာပါ...Body shaming လုပ်ခံရတာအားတက်စရာပါ..ဒေါသဖြစ်လေ ပိုပိန်လေပဲ....ပက်ပက်စက်စက် အအိပ်မက်ပါ...ထလာရင်လည်း စားဖို့မကြိုးစားပါနဲ့လှချင်ရင် မတ်မတ်ပြောတာကိုနားဆင်ပါနော်အဲ့ဒါတွေ အားလုံး မလုပ်နိုင်ရင်အသဲကွဲလိုက်ပါပိန်သွားပါလိမ့်မယ်အေးတာပဲ " ဆိုပြီး ပြောထားခဲ့ပါတယ်။

SOURCE: Khay Sett Thwin's Facebook Account) 

photo credit : Khay Sett Thwin's Facebook Account
photo credit : Khay Sett Thwin's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။