ချစ်ပရိတ်သတ်တို့ရေ... ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်မှာ ဘယ်သူမှထင်မထားရလောက်အောင်ကို ဈေးနှုန်းအကြီးဆုံးဖြစ်တဲ့ ဇိမ်ခံအိမ်တွေထဲက ဗီလာလီယိုပိုးလ်ဒါဆိုတဲ့အိမ်ကြီးအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်နော်။ ပထမဆုံးပြောပြချင်တာက ဒီအိမ်ကြီးဟာ ဒေါလာပေါင်း ၇၅သန်းခန့်ကို အလဟဿဆုံးရှုံးစေခဲ့တယ်ဆိုတာပါပဲ။ ပြင်သစ်နိုင်ငံမှာရှိတဲ့ ဗီလာလီယိုပိုးလ်ဒါဆိုတဲ့အိမ်ကြီးကိုဘယ်လ်ဂျီယံဘုရင် ဒုတိယမြောက် လီယိုပိုးလ်အတွက် ၁၉၀၂ ခုနှစ် တွင် တည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်။

Photo Source : Pngtree

အလွန်ထူးခြားစွာတည်ဆောက်ခဲ့တဲ့ဒီအိမ်ကြီးဟာ အရမ်းလည်းကြီးမားခဲ့တဲ့အတွက် အချိန်ပြည့် ဥယျာဉ်မှူး အယောက် ၅၀ ထက်မနည်းလိုအပ်ခဲ့ပါတယ်။ဒီဥယျာဉ်ကြီးဟာ ဧက ၂၀ ကျယ်ဝန်းပြီး လာရောက်လည်ပတ်ကြတဲ့သူတွေဟာ သံလွင်ပင်၊ လိမ် မော်၊ ရှောက်ပင်စသည့် အပင်ပေါင်း ၁၂၀၀ကျော်ကြားမှာ ဖြတ်သန်းလည်ပတ်ကြရပါတယ်။ ဒီခြံကြီးရဲ့ ပိုင်ရှင် လီလီဆာဖရာကတော့ ဆင်းရဲနွမ်းပါးသူတွေကို ကူညီထောက်ပံ့ပေးနေသူတစ်ဦးလည်းဖြစ်တဲ့အတွက် ၂၀၀၈ ခုနှစ်မှာတော့ အိမ်ကြီးကို ဒေါ်လာသန်း ၇၅၀ ဖြင့်ရောင်းချရန်ဆုံးဖြတ်ခဲ့ပါတော့တယ်။

Photo Source : Pngtree

ရုရှနိုင်ငံကဘီလျံကြွယ်သူဌေးကြီး မစ်ခေးပရိုခိုရော့ဟာ ဒီအိမ်ကြီးကို ဝယ်ယူဖို့ စရန် ငွေ ၁၀ ရာခိုင်နှုန်းပေးချေခဲ့ပါတယ်။သို့ပေမယ့်လည်း မစ်ခေးပရိုခိုရော့ဟာ ကမ္ဘာတစ်ဝန်းစီးပွားရေးကျပ် တည်း လာမှုကြောင့် ဝယ်ယူမယ့် အစီအစဉ်ကိုဖျက်သိမ်းရခဲ့ပါတယ်။ ပြင်သစ်နိုင်ငံနိစ်မြို့ရဲ့ တရားရုံးကတော့ အိမ်ကြီးကိုဝယ်ယူရန်စာချုပ်ချုပ်ဆိုပြီး စရန် ငွေပေးချေပြီးမှ ဝယ်ယူမှုစာချုပ်ကို ဖျက်သိမ်းခဲ့တဲ့အတွက် စရန်ငွေ ဆုံးရှုံးခံရမယ်လို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒီလိုစရန်ငွေ ဒေါ်လာ ၇၅ သန်း ဆုံးရှုံးခဲ့ရသော သူဌေးကြီးဟာ ဒေါ်လာ ၁၇ ဒသမ ၈၅ ဘီလျံချမ်းသာသူတစ်ဦးလည်းဖြစ်ပါတယ်။ ဆုံးရှုံးခဲ့ရတဲ့ ဒေါ်လာ၇၅သန်းဆိုတာကလည်း ဒီအိမ်ကြီးတန်ကြေးရဲ့ 10%ခန့်သာရှိသေးတာမို့ တကယ့်ပေါက်ဈေးအတိုင်းသာဆိုရင် ဘယ်လောက်တောင်များလိမ့်မလဲနော်။ ချစ်ပရိတ်သတ်တို့ကော ဒီလိုဇိမ်ခံအိမ်ကြီးမှာမနေချင်ကြဘူးလား???

Photo Source : Pngtree

Source : မောင် သာ ရှေးဟောင်းသုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။