သရုပ်ဆောင် မင်းသားချော နိုင်းနိုင်းကတော့ အရပ်ရှည်ပြီး နိုင်ငံခြားမင်းသားတွေလို ချောမောခန့်ညားတဲ့ ရုပ်ရည်သွင်ပြင်ကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သရုပ်ဆောင် ဒွေး၊ သရုပ်ဆောင် အိန္ဒြာကျော်ဇင်တို့နဲ့ တစ်ခေတ်တည်းပေါ်ပေါက်ခဲ့တဲ့ နိုင်းနိုင်းက ယနေ့အချိန်အထိလည်း အနုပညာလောကမှာ အောင်မြင်စွာ လျှောက်လှမ်းနေဆဲ ဖြစ်ပါတယ်။

Photo Credit- Actor 99's Facebook
Photo Credit- စန္ဒီ ချို's Facebook
Photo Credit- စန္ဒီ ချို's Facebook

ချစ်စရာကောင်းတဲ့ ဇနီးချောလေးနဲ့အတူ သားတစ်ယောက်၊ သမီးသုံးယောက်ကိုပိုင်ဆိုင်ထားတဲ့ နိုင်းနိုင်းက ကလေးလေးယောက်ရဲ့ဖခင် ဖြစ်ပါတယ်။ နိုင်းနိုင်းရဲ့မိသားစုလေးကတော့ New York မှာနေထိုင်တာဖြစ်ပြီး နိုင်းနိုင်းကတော့ ရိုက်ကူးရေးအတွက် မြန်မာပြည်ကို မကြာခဏပြန်လာနေရတာ ဖြစ်ပါတယ်။ အခုလည်း နိုင်းနိုင်းက မိသားစုနဲ့ခွဲခွာပြီး မြန်မာပြည်ကို ပြန်ရတော့မှာ ဖြစ်ပါတယ်။

Photo Credit- စန္ဒီ ချို's Facebook
Photo Credit- စန္ဒီ ချို's Instagram

ဒီနေ့မနက်မှာ New York ကစတင်ထွက်ခွာမယ့် နိုင်းနိုင်းကိုတော့ ချစ်ဇနီးချောလေးစန္ဒီချိုက လေဆိပ်အထိလိုက်ပို့ပြီး နှုတ်ဆက်ခဲ့ပါတယ်။ စန္ဒီချိုက " Time to say another goodbye..."ဆိုပြီး ချစ်ခင်ပွန်းနိုင်းနိုင်းကို ပွေ့ဖက်နှုတ်ဆက်နေတဲ့ပုံလေးတွေကို လူမှုကွန်ယက်မှာတင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် လေဆိပ်မှာ ပွေ့ဖက်နှုတ်ဆက်ရင်း အလွမ်းသယ်နေတဲ့ နိုင်းနိုင်းတို့ဇနီးမောင်နှံရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- စန္ဒီ ချို's Facebook & Instagram; 

Photo Credit- စန္ဒီ ချို's Facebook
Photo Credit- စန္ဒီ ချို's Instagram
Photo Credit- စန္ဒီ ချို's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။