မနေ့ညက ကစားခဲ့တဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲရဲ့ အဖွင့်မှာ မြန်မာက မွန်ဂိုလီးယားကို ၁ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။မြန်မာအသင်းအနေနဲ့ ဘောလုံပိုင်ဆိုင်မှုနဲ့ ဂိုးကန်သွင်းခွင့်တွေ ရရှိခဲ့ပေမယ့်လဲ အုပ်စုမှာ အင်အားအနည်းဆုံးဖြစ်နေတဲ့ မွန်ဂိုလီးယားကို တစ်ဂိုး  ဂိုးမရှိနဲ့ ကပ်ရှုံးသွားခဲ့ရတာဖြစ်ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook
photo credit : MFF 's facebook

မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် မီရိုဒရပ် ရာဂျူလိုဗစ်က " ဒီပွဲကို အနိုင်ရဖို့ ကျွန်တော်တို့ ပြင်ဆင်လာခဲ့တဲ့ အတိုင်းပွဲ ပွဲချိန်အတော်များများကို ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ ကစားနိုင်ခဲ့တယ်။ ဂိုးသွင်းခွင့်တွေလည်း ရရှိခဲ့တယ်ဆိုတာမြင်နိုင်ပါတယ်။ အနောက်မှာ အာရုံစူးစိုက်မှု တစ်ချက်အားနည်း သွားတာနဲ့ ကျွန်တော်တို့ ဂိုးပေးလိုက်ရတယ်။ ဒီအသင်းဟာ ရေရှည်သွားရမယ့် အသင်းပီပီ သေသေချာချာ အာရုံစိုက် ကစားဖို့နဲ့ ချေပဂိုး အနိုင်ဂိုး ရဖို့ ကြိုးစားခဲ့ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook
photo credit : MFF 's facebook

" ဒါပေမဲ့ ဒုတိယပိုင်း ကစားသမား တစ်ယောက် အနီကတ်ပြ ထုတ်ပယ်အပြီးမှာ ကစားရတာ ပိုပြီးခက်ခဲ့သွားခဲ့တယ်။ပထမပိုင်းမှာကတည်းက ရတဲ့ဂိုးကိုလည်း လူကျွံဘော အဖြစ်သက်မှတ်ခံရသလို ပင်နယ်တီရမယ့် အခြေအနေလည်း ရှိခဲ့တယ်။ ဗီဒီယိုပြန်ကြည့် ပြီးမှပဲ ရသင့်မရသင့် ပြောနိုင်မှာပါ။ကျွန်တော်တို့ အနေနဲ့ ဂျပန်နဲ့ပွဲစဉ် အပါအဝင် အုပ်စုတွင်း ပွဲစဉ်တွေ ကစားရဦးမှာ ဖြစ်လို့ ဒီပွဲရဲ့ အားနည်းချက်တွေကို သုံးသပ်ပြီး ရှေ့ဆက်ကစားရမယ့် ပွဲစဉ်တွေ အတွက်ကြိုတင်ပြင်ဆင်သွားမှာပါ။"ဆိုပြီး ပြောထားခဲ့ပါတယ်။

source: MFF 's facebook 

photo credit : MFF 's facebook
photo credit : MFF 's facebook
photo credit : MFF 's facebook
photo credit : MFF 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။