အများအားဖြင့် သံဓာတ်ချို့တဲ့တာကြောင့် သွေးအားနည်းရောဂါဖြစ်ပြီး နောက်ဆက်တွဲဆိုးကျိုးတွေကတော့ အဖြစ်နည်းပါတယ်...။ ဒါပေမယ့် သွေးအားနည်းတာက အရမ်းဆိုးလာရင် ဖြစ်ဖြစ်၊ သံဓာတ်နည်းနေတာကို ဘာမှမကုသဘဲ ဒီတိုင်းနေနေရင်ဖြစ်ဖြစ် ရေရှည်မှာ ဆိုးဆိုးရွားရွားတွေ ဖြစ်လာပါလိမ့်မယ်...။ အထူးသဖြင့် နှလုံးရောဂါအခံရှိသူတွေ၊ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်အမျိုး သမီးတွေမှာဆိုရင် စိတ်ပူရပါတာဖြစ်ပါတယ်...။ သံဓာတ်က သွေးဥနီလေးတွေရဲ့ အောက်ဆီဂျင်သယ်ဆောင်တဲ့ လုပ်ငန်းစဉ်ကို ဆောင်ရွက်ပေးတာကြောင့် သွေးအား နည်းတယ်ဆိုကတည်းက တစ်သျှူးတွေ၊ ဆဲလ်တွေဆီကို အောက်ဆီဂျင် အလုံအလောက် မရောက်တော့တာဖြစ်ပါတယ်...။ ဒါကြောင့် နှလုံးက ခါတိုင်းထက်ပိုပြီး အားသုံးညှစ်ရပါတယ်...။ ဒါမှလိုနေတဲ့ အောက်ဆီဂျင်တွေ သယ်ဖို့ သွေးများများရောက်မှာဖြစ်ပါတယ်...။ အဲဒီ အခါမှာ နှလုံးခုန်မြန်ပြီး ရင်တုန်လာပါတော့တယ်....။ ကြာလာတဲ့အခါမှာ နှလုံးကြွက်သားတွေ ဒဏ်ဖြစ်လာပြီး နှလုံးကြီးလာတာဖြစ်ပါတယ်...။

Photo Credit pngtree

အစကတည်းက နှလုံးရောဂါရှိသူတွေ၊ နှလုံးသွေးကြောကျဉ်းသူတွေ၊ နှလုံးအဆို့ရှင် ကျဉ်းတာ၊ ကျယ်တာ ဖြစ်နေတဲ့သူတွေဆိုရင် နှလုံးက ဆက်ပြီး မညှစ်နိုင်၊ အလုပ်မလုပ်နိုင်တော့တဲ့အတွက် လိုအပ်တဲ့သွေးတွေ နှလုံးကို မရောက်တော့ဘဲ ရင်ဘတ်အောင့်လာပါမယ်...။ ခြေထောက်တွေရောင်လာပါလိမ့်မယ်...။ ဒါကို "High Output Heart Failure" လို့ ခေါ်ပါတယ်။ ကလေးငယ်လေးတွေမှာ သံဓာတ်ချို့တဲ့ ပြီး သွေးအားနည်းနေတာရေရှည်ဖြစ်လာရင် ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေးတာ၊ ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးမှုနည်း တာတွေနဲ့ တခြားရောဂါပိုးတွေ ကူးစက် ဝင်ရောက်လွယ်တာတွေ ဖြစ်လာပါတော့တယ်...။ ကိုယ်ဝန်ဆောင်မိခင်တွေမှာ သံဓာတ် လုံလုံလောက်မရဘဲ သွေးအားနည်းနေရင် မိခင်ရော၊ ကလေးမှာပါ ထိခိုက်နိုင်ပါ တယ်။ ပေါင်မပြည့်၊ လမစေ့ဘဲ မွေးနိုင်တဲ့ အပြင် မွေးလာတဲ့ကလေးမှာပါ ခန္ဓာကိုယ်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု နိမ့်ကျနေနိုင်ပါ တယ်။

Photo Credit pngtree

ဒါကြောင့် သွေးအားနည်းရောဂါလက္ခဏာ တွေဖြစ်တဲ့ မောပန်းလွယ်တာ၊ ဖြူဖျော့နေတာ၊ အားနည်းတာ၊ ခေါင်းမူး၊ ခေါင်းကိုက်တာ၊ ခြေဖျားလက်ဖျားတွေအေးစက်နေတာ၊ ခြေသည်းလက်သည်းတွေ ကြွပ်ဆပ် ကျိုးလွယ်တာနဲ့ ကလေးတွေမှာဆို အစားအသောက် စားချင်စိတ် နည်းပါးနေ တာတွေ ဖြစ်ကတည်းက သတိထား စစ်ဆေးကြည့်ရမှာဖြစ်ပြီး သံဓာတ်ချို့တဲ့နေတယ် ဆိုရင်လည်း သံဓာတ်ပြည့်ဝစွာပါဝင်တဲ့ အစားစာတွေ၊ သံဓာတ်အားဆေးတွေကို ဂရုတစိုက်သောက်သုံးရမှာဖြစ်ပါတယ်...။ အဲလိုမသောက်သုံးဘဲ ဒီအတိုင်းဆက်နေနေရင်တော့ ဖော်ပြထားတဲ့ နောက်ဆက် တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်..။ ကျွန်မတို့ခန္ဓာကိုယ်က နဂိုမူလကတည်းက သံဓာတ်ကိုစုပ်ယူမှုနှုန်း အားနည်းပါတယ်...။ ဒါကြောင့်သံဓာတ်အားဆေးတွေ သောက်တဲ့အခါမှာလည်း အချည်းနှီးမဖြစ်အောင် ဗီတာမင်စီနဲ့ပါ တွဲသောက်ပေးသင့်ပါတယ်...။ ဒါမှမဟုတ်လည်း အချဉ် ဓာတ်ပါတဲ့ သစ်သီးဖျော်ရည်တွေသောက်လို့ရပါတယ်နော်...။ ဒါဆိုရင် သံဓာတ်အားဆေးကြောင့် ဝမ်းချုပ်တာတွေလည်း မဖြစ်တော့ပါဘူး...။ အခုနောက်ပိုင်းထွက်လာတဲ့ သံဓာတ်ဖြည့်စွက် ဆွေးတွေကလည်း ခန္ဓာကိုယ်က စုပ်ယူမှုအားကောင်းတဲ့ ပုံစံ "Ferrous Fumarate"၊ "ferrous"၊"sulfate"၊ "ferrous"၊ "gluconate" အနေနဲ့ ထုတ်လုပ်လာတာတဲ့အပြင် တခြားဗီတာမင်တွေနဲ့ပါ ပေါင်းစပ်ထုတ်လုပ်လာတာတွေ ကြောင့်လည်း ပိုမိုအဆင်ပြေလာတာကို တွေ့ရှိရတာဖြစ်ပါတယ်...။

Source ဒေါက်တာစိမ့်စမ်းဖြူ

Photo Credit pngtree

Photo Credit For Your Health For Your Beauty facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။