ပရိတ်သတ်တို့ရေ... သေမှာကိုကြိုသိနေပြီးသား လူတစ်ယောက်အတွက် နောက်ဆုံးညစာဆိုတာဟာ ဘယ်လိုအရသာရှိလိမ့်မလဲ? နောက်ဆုံးဆန္ဒတွေကတော ဘာတွေဖြစ်မလဲဆိုတာဟာ တကယ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်နော်။ မှတ်တမ်းတွေအရကတော့ သေဒဏ်ကျခံထားရတဲ့ ရာဇဝတ်သားတွေရဲ့တောင်းဆိုမှုတွေဟာ အရမ်းပဲများပြားလွန်းလှပါတယ်။ တူလည်းမတူညီကြပါဘူး။ တစ်ချို့ဆိုဘာမှတောင်မတောင်းဆိုဘဲ သေဒဏ်ကျခံသွားကြပါတယ်။ကဲ.. ဒီတော့ သေဒဏ်ကျခံခဲ့ရတဲ့ ကမ္ဘာကျော်ရာဇဝတ်သားတွေရဲ့စိတ်ဝင်စားဖွယ်ကောင်းတဲ့တောင်းဆိုမှုတွေနဲ့ သူတို့ရဲ့ နောက်ဆုံးညစာတွေက ဘာတွေဖြစ်မလဲဆိုတာကြည့်လိုက်ရအောင်နော်.... 

(၁) ၁၉၆၂ခုနှစ်က ဒုတိယကမ္ဘာစစ်ရာဇဝတ်သားဂျာမနီလူမျိုး အဒေါ့အိုက်ခမန်း(AdolfEichmann) ကို အစ္စရေး နိုင်ငံတွင်ကြိုးဒဏ်စီရင်ခဲ့ရာ နောက်ဆုံးအစာကို ငြင်းပယ်ခဲ့ပြီးတော့ အစ္စရေးဝိုင်အရက်ကိုတောင်းခံကာ တစ်ဝက်နီးပါးကို သောက်သွားခဲ့ပါတယ်။

(၂) ၁၉၃၁ ခုနှစ်က ဂျာမနီနိုင်ငံမှာ ခေါင်းဖြတ်စက်ဖြင့် ခေါင်းဖြတ်ကာ သေဒဏ်စီရင်ခြင်းခံရသူ ( သွေးစုတ်ဖုတ် ကောင်ဟု နာမည်ကြီးခဲ့သူ) Peter Kurten သည် အာလူးကျော်နှင့် ဝိုင်ဖြူ တစ်ပုလင်းကိုတောင်းခံခဲ့ပါတယ်။

Photo Source: မောင်သာ(ရှေးဟောင်းသုတေသန)

(၃)အီရတ် သမ္မတဟောင်း ဆက်ဒန်ဟူစိန်ကို ၂၀၀၆ ခုနှစ်က ကြိုးပေးခဲ့ရာတွင် သူ့အားပေးခဲ့သော စီးကရက်နှင့် ကြက်သားတို့ကို ငြင်းပယ်ခဲ့ပါတယ်။ ပြီးတော့ ဆက်ဒန်ဟူစိန်က သူ့အားကြိုးမပေးဘဲ သေနတ်ဖြင့်ပစ်သတ်ရန် တောင်းဆိုခဲ့ရာ အီရတ်အာဏာပိုင်တို့က ခွင့်မပြုဘဲ ကြိုးပေးကာစီရင်ခဲ့ကြပါတယ်။

(၄)၂၀၀၈ ခုနှစ် မွန်ဘိုင်းတိုက်ခိုက်မှုကြောင့် သေဒဏ်ပေးခံရသူ Ajmal Kasab ကို ၂၀၁၂ ခုနှစ် ၊ နိုဝင်ဘာ လက ကြိုးပေးခဲ့ရာတွင်လည်း မသေမီ သူ့ကျွေးခဲ့သော ခရမ်းချဉ်သီး တစ်ခြင်းနှင့် ပုံမှန် ထောင်ထမင်းတို့ကို ငြင်း ပယ်ခဲ့ပါတယ်။

(၅) စင်္ကာပူမှ လူသတ်တရားခံ John Martin Scripps ဟာ ၂၀၀၆ ခုနှစ်က ကြိုးစင်မတက်မီ ပီဇာတစ်ခု နှင့် ချောကလက်ပူပူ တစ်ခွက်တို့ကို စားသောက်သွားခဲ့ပါတယ်။

Photo Source: မောင်သာ(ရှေးဟောင်းသုတေသန)

(၆)အမေရိကန်နိုင်ငံ အော်ကလာဟိုမားမှာ အကြမ်းဖက်ဗုံးခွဲမှုကြောင့် သေဒဏ်ကျခံခဲ့ရတဲ့Timothy Mc Veigh ကို ၂၀၀၁ ခုနှစ်က ဆေးထိုးစီရင်ခဲ့ရာမှာတော့ ပရုတ်ချောကလက် ရေခဲမုန့်ချောင်း ၂ ပိုင့်ကိုသာ စားသွားခဲ့ပါတယ်။

(၇) အမေရိကန်နိုင်ငံ ၊ ဖလော်ရီဒါပြည်နယ်တွင် ၂၀၀၆ ခုနှစ်တွင် လူသတ်မှုဖြင့်သေဒဏ်စီရင်ခံရသူ နီဗီးဒိုင် ယားဇ်ဟာ မည်သည့်အထူးညစာကိုမှ တောင်းခံခြင်းမပြုခဲ့သည့်အတွက်ထောင်အာဏာပိုင်များက ပုံမှန် ထောင်စာ များကိုသာကျွေးမွေးခဲ့ပါတယ်။သို့သော်လည်း နီဗီးဒိုင်ယားဇ် ဟာ မည်သည့်အစာမှ မစားသုံးဘဲ သေဒဏ်စီ ရင်ခြင်း ကို ခံယူခဲ့ပါတယ်။

(၈)မတ်ခ်ဟော့ကင်ဆမ်ကို ၁၉၉၂ ခုနှစ်မှာ ဝူမင်းတွင် သဒဏ်စီရင်ခဲ့ရာ သူ၏ မိခင်နှင့် မိသားစုဝင်များ အတူ ပီဇာ များကို နောက်ဆုံးစားသောက်ခဲ့ပါတယ်။

Photo Source: Pngtree
Photo Source: Pngtree

Source: မောင်သာ(ရှေးဟောင်းသုတေသန)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။