ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပပြီး အိုက်စလန်၊ ဗီယက်နမ်၊ ဟောင်ကောင် နှင့် မြန်မာ အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ International U15 Girl's Football Tournament ပြိုင်ပွဲနောက်ဆုံးနေ့ ပွဲစဉ်များတွင် မြန်မာအသင်း နှင့် ဟောင်ကောင်အသင်းတို့ ဂိုးမရှိသရေ ရလဒ်ဖြင့်ပြီးဆုံးခဲ့ပြီး အိုက်စလန်အသင်းနှင့် ဗီယက်နမ်အသင်းတို့ပွဲစဉ်တွင် အိုက်စလန်အသင်းက ဗီယက်နမ်အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

photo credit : Myanmar Women League's facebook
photo credit : Myanmar Women League's facebook

ပွဲစဉ်များအပြီး အမှတ်ပေးဇယားရပ်တည်မှုအရ အိုက်စလန်အသင်းက ၃ပွဲကစား ၂ပွဲနိုင် ၁ပွဲသရေ ရမှတ် ၇မှတ် ဖြင့် ပထမနေရာ၊ မြန်မာအသင်းက ၃ပွဲကစား ၁ပွဲနိုင် ၂ပွဲသရေ ရမှတ် ၅မှတ်ဖြင့် ဒုတိယနေရာ၊ ဟောင်ကောင်အသင်းက ၃ပွဲကစား ၁ပွဲနိုင် ၁ပွဲသရေ ၁ပွဲရှုံး ရမှတ် ၄မှတ်ဖြင့် တတိယနေရာ၊ အိမ်ရှင်ဗီယက်နမ်အသင်းက ၃ပွဲကစား ၃ပွဲရှုံး ရမှတ်မရှိဘဲ အမှတ်ပေးဇယား နောက်ဆုံးနေရာ တွင် ရပ်တည်ခဲ့ပါတယ်။ 

photo credit : Myanmar Women League's facebook
photo credit : Myanmar Women League 's facebook
photo credit : Myanmar Women League 's facebook

မြန်မာယူ၁၅ အမျိုးသမီးအသင်းကတော့ ၃ပွဲကစားခဲ့ပြီး ၃ပွဲစလုံး ရှုံးပွဲ မရှိခဲ့ဘဲ ဒုတိယရရှိခဲ့တာပဲ ဖြစ်ပါတယ်။ မြန်မာယူ၁၅ အမျိုးသမီးအသင်းအနေနဲ့ ဗီယက်နမ်အသင်းကို ၃-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အိုက်စလန်အသင်းကို ၁-၁နဲ့ သရေကျခဲ့သလို ဟောင်ကောင်အသင်းကိုလဲ ဝ-၀နဲ့ သရေကျခဲ့တာဖြစ်ပါတယ်။

SOURCE: Myanmar Women League 's facebook 

photo credit :Myanmar Women League 's facebook
photo credit : Myanmar Women League 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။