ကလေးသရုပ်ဆောင်တစ်ဦးအဖြစ် ရပ်တည်အောင်မြင်နေတဲ့ သမီးလေး ထိပ်ထားသခင်ကတော့ အသက်ငယ်ငယ်လေးနဲ့ ထူးချွန်ထက်မြက်တဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။ အရွယ်လေးနဲ့မလိုက်အောင် စကားတတ်တဲ့ ထိပ်ထားလေးက ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေမှာသာမက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်နေရပြီ ဖြစ်ပါတယ်။
မကြာသေးခင်ကမှ အသက် (၅) နှစ်တိတိပြည့်သွားခဲ့တဲ့ ထိပ်ထားသခင်လေးက အခုတော့ နာရေးကူညီမှုအသင်း(ရန်ကုန်) ကို ကိုယ်တိုင်သွားရောက်ပြီး ရေဘေးသင့်ပြည်သူတွေအတွက် သွားရောက်လှူဒါန်းခဲ့ပါတယ်။ ထိပ်ထားလေးက အသက် (၅)နှစ်ပြည့်အလှူအဖြစ် ရေဘေးသင့်ဒေသများအတွက် အလှူငွေ (၅)သိန်းကျပ်တိတိကို လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ ငယ်ငယ်လေးနဲ့ ပရဟိတလုပ်ငန်းတွေကို စိတ်ပါဝင်စားတဲ့ ထိပ်ထားလေးကို ဦးကျော်သူကလည်း " အောင်မြင်ကျော်ကြားတဲ့ ပညာတတ် အနုပညာရှင်ကြီးဖြစ်ပါစေလို့" မွေးနေ့ဆုတောင်းစကားပြောပေးခဲ့ပါတယ်။
ဒါ့အပြင် ထိပ်ထားလေးက "နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ပရဟိတလုပ်ဆောင်မှုများကို လေ့လာခဲ့ရာ သုခကုသိုလ်ဖြစ်ဆေးခန်းတွင်လူနာများနှင့်နက်စ်မလေးများကိုအားပေးစကားပြောခြင်း၊သုခအလင်းပညာရေးကျောင်းတွင်ပညာသင်ကြားနေသော ကိုကိုဖ၊မမများအားနူတ်ခွန်းဆက်သခြင်း၊သုခအလင်းစာကြည့်တိုက်အားလေ့လာခြင်း၊ကစားကွင်းတွင်ကစားခြင်းတို့အားပြုလုပ်ခဲ့ပါသည်။" လို့ ဦးကျော်သူရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှတစ်ဆင့် သိရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရေဘေးသင့်ဒေသများအတွက် သွားရောက်လှူဒါန်းခဲ့တဲ့ ထိပ်ထားသခင်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source:Kyaw Thu's Facebook
Photo Credit- နာရေးကူညီမှုအသင်း-ရန်ကုန်
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။