ပရိသတ်ကြီးရေ မင်းသမီးချောလေးဖြူဖြူထွေးကတော့ အခုဆိုရင် အနုပညာနယ်ပယ်မှာ အရမ်းကိုအောင်မြင်နေပြီး ပရိသတ်အင်အားကလည်းအတောင့်အတင်းရှိနေပါပြီနော်။ဖြူဖြူထွေးက သဘောဖြူမနောဖြူပြီး ပွင့်လင်းတဲ့သူတစ်ယောက်ဖြစ်လို့ လူတိုင်းကချစ်ကြသလို သူမရဲ့မွေးဖွားရာဇာတိကလူတွေကလည်း အရမ်းချစ်ကြပါတယ်။ဖြူဖြူထွေးကလည်း သူမရွာကသူတွေကို တတ်နိုင်သလောက်အမြဲတမ်းကူညီဖေးမပေးတဲ့သူပါနော်။

Photo Credit:Phyu Phyu Htwe's Facebook
Photo Credit:Phyu Phyu Htwe's Facebook
Photo Credit:Phyu Phyu Htwe's Facebook

ယခုလက်တလောမှာ ဖြူဖြူထွေးလည်း အနုပညာခြေလှမ်းတွေအရမ်းစိပ်နေပြီး အမြို့မြို့အနယ်နယ်ကိုသွားရောက်ကာ ရိုက်ကူးရေးတွေလည်းလုပ်ဆောင်နေသလို ကြော်ငြာတွေလည်းရိုက်ကူးနေပါတယ်။ဖြူဖြူထွေးက မိဘအပေါ်လိမ္မာသိတတ်တဲ့သမီးတစ်ယောက်ဖြစ်လို့ အောင်မြင်မှုဆိုတာလည်း ခဏလေးနဲ့ရရှိလာပြီး အသက်ငယ်ငယ်လေးနဲ့မိဘကိုလိုလေသေးမရှိအောင်ထားပေးနိုင်ပြီဖြစ်ပါတယ်။

Photo Credit:Phyu Phyu Htwe's Facebook
Photo Credit:Phyu Phyu Htwe's Facebook
Photo Credit:Phyu Phyu Htwe's Facebook

အခုဆိုရင်လည်း ဖြူဖြူထွေးက ပင်းတလဲမှာ ရိုက်ကူးရေးသွားရပြီး ပင်းတလဲကပရိသတ်တွေက သူမရိုက်ကွင်းရှိရာဆီသို့လာရောက်ပြီး အားပေးကြကာ ဖြူဖြူထွေးကလည်း လာအားပေးကြတဲ့လူတွေကို ဖော်ရွေရင်းနှီးစွာနှုတ်ဆက်ပြီး စကားတွေလည်းအများကြီးပြောခဲ့သလို ဟာသတွေလည်းလုပ်ပြခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက်လည်း ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Phyu Phyu Htwe's Facebook
Photo Credit:Phyu Phyu Htwe's Facebook
Photo Credit:Phyu Phyu Htwe's Facebook

Source:Phyu Phyu Htwe's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။