ကျွန်တော်တို့တွေဟာ တစ်ခါတစ်လေ ကိစ္စတစ်ခုခုကို ဖြေရှင်းရတဲ့အခါ စိတ်လှုပ်ရှားမှု လွန်ကဲတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါဟာကောင်းတဲ့ လက္ခဏာတစ်ရပ်တော့ မဟုတ်ပါဘူး...စိတ်လှုပ်ရှားလိုက်တာကြောင့် ကျွန်တော်တို့ရဲ့ စိတ်ရော ကိုယ်ရောကိုပါ ဘယ်လို ထိခိုက်စေနိုင်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်..။

Photo Source : Pngtree

ကျွန်တော်တို့ဟာ ကိုယ်မထင်ထားတဲ့ ပြသနာ (ဒါမှမဟုတ်) အခြေနေနဲ့ ကြုံလာရတဲ့အခါ စိတ်လှုပ်ရှားတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုစိတ်လှုပ်ရှားတဲ့ အခါ ခန္ဒာကိုယ်က ရုတ်တရက် ချွေးစေးတွေထွက်လာပီး မောနေတတ်ပါတယ်။ အထူးသဖြင့် နှလုံးရောဂါသမားတွေဟာ ဒီလိုမျိုး စိတ်လှုပ်ရှားမှုတွေ မဖြစ်အောင် တတ်နိုင်သလောက် သတိထားနေသင့်တာပဲ ဖြစ်ပါတယ်။

Photo Source : Pngtree

ဒီလိုမျိုး စိတ်လှုပ်ရှားမှုတွေမဖြစ်အောင် အဓိကလုပ်သင့်တာကတော့ စိတ်ကိုတတ်နိုင်သမျှ တည်ငြိမ်အောင်ထားတာက အကောင်းဆုံးပါပဲ... တစ်ကယ်လို့ စိတ် လှုပ်ရှားရတာမျိုး ဖြစ်လာရင်တောင် ပထမဦးဆုံး ပသက်ကို ဖြေးဖြေးလေးရှုပြီး ဦးနှောက်ကတွေးနေတဲ့ အတွေးများကို တတ်နိုင်သလောက် လျော့ချထားလိုက်ပါ။ စိတ်ထဲမှာ အရမ်းတွေးများနေရင် စိတ်လှုပ်ရှားတာက တော်ရုံနဲ့ ပျောက်မှာ မဟုတ်ပါဘူး။ ဒါကတော့ မိမိဘာသာ မိမိ အလွယ်တကူ လုပ်နိုင်တဲ့ နည်းလမ်းလေးဖြစ်လို့ ပရိသတ်ကြီး အတွက် ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ရပါတယ်နော်..။

Photo Source : Pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။