သရုပ်ဆောင် မင်းသားချောလေး စည်သူဝင်းကတော့ တည်ကြည်ခန့်ညားတဲ့ ရုပ်ရည်နဲ့ တကယ့်ကိုယောက်ျားပီသတဲ့ ကိုလူချောလေးတစ်ယောက် ဖြစ်ပါတယ်။ စည်သူဝင်းက " လူရည်ချွန်၊ ဆုံစည်းခြင်းမိုးတိမ်များ၊ အိပ်မက်ကျော့ကွင်း၊ နွေကန္တာ၊ မိုးကောင်းကင်အိပ်မက်" စတဲ့ဇာတ်လမ်းတွဲတွေမှာပါဝင်ရိုက်ကူးရင်းနဲ့ တဖြည်းဖြည်း လူသိများပြီး နာမည်ကျော်လာခဲ့တာ ဖြစ်ပါတယ်။

ယခုလက်ရှိ MRTV-4 မှာ ထုတ်လွှင့်ပြသနေတဲ့ "နှင်းဆီ" ရုပ်သံဇာတ်လမ်းတွဲလေးမှာလည်း စည်သူဝင်းက အဓိကနေရာကနေ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးမှာတော့ စည်သူဝင်းက "တင်မောင်ကျော်" ဆိုတဲ့ ဇာတ်ရုပ်နေရာကနေ သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ ဗီလိန်ဇာတ်ရုပ်ကို ပီပြင်စွာပုံဖော်နိုင်တဲ့ စည်သူဝင်းကိုတော့ ပရိသတ်တွေက အခိုင်အမာ အားပေးနေကြတာ ဖြစ်ပါတယ်။

အခုလည်း စည်သူဝင်းက " အပြင်ကစည်သူဝင်းက နှင်းဆီ ဇာတ်လမ်းထဲက အကိုကျော် လိုမဆိုးပါဘူးဗျ " ဆိုပြီး ပရိသတ်တွေကို လူမှုကွန်ယက်ကတစ်ဆင့် ပြောပြလာခဲ့ပါတယ်။ ဒါ့အပြင် စည်သူဝင်းက သူ့ရဲ့ပရိသတ်တွေအတွက် ပုံအသစ်လေးတွေကိုလည်း မျှဝေပေးထားပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချောလေး စည်သူဝင်းရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Si Thu Win's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။