ပရိသတ်ကြီးရေ အကယ်ဒမီဖွေးဖွေးကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိနေတဲ့ ထိပ်တန်းမင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ဖွေးဖွေးက အနုပညာလောကထဲကို ဟိုးအရင်အချိန်ကတည်းကဝင်ရောက်လာခဲ့တာကြောင့် အနုပညာသက်တမ်းကလည်း ၁၀စုနှစ်တစ်စုစာလောက်ရှိနေပါပြီနော်။အခုချိန်ထိလည်း အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေပြီး ဖွေးဖွေးက ပရိသတ်တွေရဲ့အချစ်ကိုလည်းရရှိနေတာဖြစ်ပါတယ်။

Photo Credit:Kyaw Kyaw Win(Phway Phway's Father)'s Facebook
Photo Credit:Kyaw Kyaw Win(Phway Phway's Father)'s Facebook
Photo Credit:Kyaw Kyaw Win(Phway Phway's Father)'s Facebook

ဖွေးဖွေးကတော့ အသက်၃၁နှစ်အရွယ်ရောက်နေပေမယ့်လည်း အမြဲတမ်းဆယ်ကျော်သက်လေးတစ်ယောက်လို လန်းဆန်းတက်ကြွနေတာဖြစ်ပါတယ်။ပရိသတ်တွေကလည်း ဖွေးဖွေးရဲ့ ချစ်စရာအမူအရာလေးတွေကို အရမ်းချစ်ကြပြီး သူမရဲ့အနုပညာလှုပ်ရှားမှုတိုင်းကို တစ်ခဲနက်အားပေးနေကြတာပါနော်။ဖွေးဖွေးက လူလေးကလည်းလှသလို စိတ်ထားလေးကလည်းဖြူစင်တဲ့သူတစ်ယောက်ဖြစ်လို့ ပရိသတ်တွေကချီးကျူးနေကြတာပါ။

Photo Credit:Kyaw Kyaw Win(Phway Phway's Father)'s Facebook
Photo Credit:Kyaw Kyaw Win(Phway Phway's Father)'s Facebook
Photo Credit:Kyaw Kyaw Win(Phway Phway's Father)'s Facebook

ဖွေးဖွေးတို့မိသားစုက မကြာခဏဆိုသလို ကိုယ်တိုင်ချက်ပြုတ်ပြီး လိုအပ်သူတွေအတွက် တစ်နေ့တာလှူဒါန်းနေတာဖြစ်ပြီး အခုဆိုရင်လည်း ဖွေးဖွေးရဲ့အဖေကိုယ်တိုင် ဖွယ်ဖွယ်ရာချက်ပြုတ်ပြီး မိသားစုတွေစုံစုံညီညီနဲ့ ဆွမ်းကပ်ခဲ့တာဖြစ်ပါတယ်။ဖွေးဖွေးကတော့ သူမတို့မိသားစုရဲ့အလှူလေးမှာ တစ်နိုင်တစ်ပိုင်လေးဝိုင်းကူပေးပြီး ဆွေးမျိုးမိတ်ဆွေတွေနဲ့စကားလက်ဆုံကြနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Kyaw Kyaw Win(Phway Phway's Father)'s Facebook
Photo Credit:Kyaw Kyaw Win(Phway Phway's Father)'s Facebook
Photo Credit:Kyaw Kyaw Win(Phway Phway's Father)'s Facebook

Photo Credit:Kyaw Kyaw Win(Phway Phway's Father)'s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။